YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 28:10-17

ကမ္ဘာဦး 28:10-17 JBMLE

ယာ​ကုပ်​သည် ဗေ​ရ​ရှေ​ဘ​ရွာ​မှ​ထွက်၍၊ ခါ​ရန်​ပြည်​သို့​ခ​ရီး​သွား​စဉ်​တွင်၊ တစ်​စုံ​တစ်​ခု​သော​အ​ရပ်​သို့​ရောက်၍၊ မိုး​ချုပ်​သော​ကြောင့်၊ ည​ကို လွန်​စေ​မည်​အ​ကြံ​ရှိ​သည်​နှင့်၊ ထို​အ​ရပ်၌ ကျောက်​ကို​ယူ၍ ခေါင်း​အုံး​ဖို့​ထား​ပြီး​လျှင် အိပ်​လေ​၏။ မြင်​ရ​သော​အိပ်​မက်​ဟူ​မူ​ကား၊ မြေ​ကြီး​ပေါ်၌ လှေ​ကား​ထောင်​လျက် အ​ဖျား​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မီ၏။ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​တို့​သည်၊ ထို​လှေ​ကား​ဖြင့် ဆင်း​လျက်​တက်​လျက်​ရှိ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် လှေ​ကား​ထက်၌ ရပ်​တော်​မူ​လျက်၊ ငါ​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ​၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သင်​အိပ်​သော​မြေ​ကို သင်​နှင့် သင်၏ အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်။ သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ သင်​သွား​လေ​ရာ​ရာ​၌ ငါ​စောင့်​မ​မည်။ ဤ​ပြည်​သို့​တစ်​ဖန် ဆောင်​ခဲ့​ဦး​မည်။ က​တိ​ထား​သည်​အ​တိုင်း​မ​ပြည့်​စုံ​မီ၊ သင့်​ကို​ငါ​မ​စွန့်​ဟု မိန့်​တော်​မူ​၏။ ယာ​ကုပ်​သည်​အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ အ​ကယ်​စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​ရပ်၌​ရှိ​တော်​မူ၏။ ရှိ​တော်​မူ​ကြောင်း​ကို​ငါ​မ​သိ။ ဤ​အ​ရပ်​ကား၊ အ​ဘယ်​မျှ​လောက် ကြောက်​မက်​ဖွယ်​ဖြစ်​သည်​တ​ကား။ ဤ​အ​ရပ်​ကား၊ အ​ခြား​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏​ဘုံ​ဗိ​မာန်၊ ကောင်း​ကင်​တံ​ခါး​ဝ​ဖြစ်​သည်​တ​ကား​ဟု၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ ဆို၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။