ရေဗက္ကသည် သားယာကုပ်ကိုခေါ်၍၊ သင်၏အဘက၊ ငါမသေမီ ထာဝရဘုရား၏ရှေ့တော်မှာ သင့်ကို ငါကောင်းချီးပေးမည်အကြောင်း၊ ငါစားစရာဖို့အမဲသားကိုယူခဲ့၍၊ အမဲဟင်းလျာကိုချက်ပါဟု သင်၏အစ်ကိုဧသောအားပြောသည်ကို ငါကြားပြီ။ သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသောစကားကို နားထောင်ပါလော့။ ယခုဆိတ်စုရှိရာသို့သွား၍၊ ကောင်းသော ဆိတ်သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။ သင်၏အဘမသေမီ သင့်ကိုကောင်းချီးပေးမည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှာ သင်သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
ကမ္ဘာဦး 27 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 27:6-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ