ထိုအခါရေဗက္ကသည် အိမ်တွင် မိမိလက်၌ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သောအဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကိုဝတ်စေလျက်၊ ဆိတ်သငယ်၏သားရေကိုလည်းယူ၍ သူ၏လက်၌လည်းကောင်း၊ လည်ပင်းချောသောဘက်၌လည်းကောင်း ဆင်ယင်ပြီးလျှင်၊ မိမိချက်သောအမဲဟင်းနှင့်မုန့်ကို သားယာကုပ်လက်၌အပ်ပေး၏။ ယာကုပ်လည်း အဘထံသို့သွား၍၊ အဘဟုခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား၊ သင်သည် အဘယ်သူနည်းဟုမေး၏။ ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီးဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်း ပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်းချီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကိုစားပါလော့ဟု ဆိုလေ၏။
ကမ္ဘာဦး 27 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ကမ္ဘာဦး 27:15-19
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ