YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 27:15-19

ကမ္ဘာဦး 27:15-19 JBMLE

ထို​အ​ခါ​ရေ​ဗ​က္က​သည် အိမ်​တွင် မိ​မိ​လက်၌​ရှိ​သော သား​ကြီး​ဧ​သော၏​အ​ဝတ်၊ ကောင်း​မွန်​သော​အ​ဝတ်​ကို​ယူ၍၊ သား​ငယ်​ယာ​ကုပ်​ကို​ဝတ်​စေ​လျက်၊ ဆိတ်​သ​ငယ်၏​သား​ရေ​ကို​လည်း​ယူ၍ သူ၏​လက်၌​လည်း​ကောင်း၊ လည်​ပင်း​ချော​သော​ဘက်၌​လည်း​ကောင်း ဆင်​ယင်​ပြီး​လျှင်၊ မိ​မိ​ချက်​သော​အ​မဲ​ဟင်း​နှင့်​မုန့်​ကို သား​ယာ​ကုပ်​လက်၌​အပ်​ပေး၏။ ယာ​ကုပ်​လည်း အ​ဘ​ထံ​သို့​သွား၍၊ အ​ဘ​ဟု​ခေါ်​လေ၏။ အ​ဘ​က​လည်း၊ ငါ​ရှိ၏​ငါ့​သား၊ သင်​သည် အ​ဘယ်​သူ​နည်း​ဟု​မေး၏။ ယာ​ကုပ်​က​လည်း၊ အ​ကျွန်ုပ်​ကား သား​အ​ကြီး​ဧ​သော​ဖြစ်​ပါ၏။ အ​ဘ​မှာ​ထား​သည်​အ​တိုင်း ပြု​ပါ​ပြီ။ ထ၍​ထိုင်​ပါ။ အ​ဘ၏​ဝိ​ညာဉ်​သည် အ​ကျွန်ုပ်​ကို ကောင်း​ချီး​ပေး​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​အ​မဲ​သား​ကို​စား​ပါ​လော့​ဟု ဆို​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။