YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 25:19-34

ကမ္ဘာဦး 25:19-34 JBMLE

အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။ ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။ ဣ​ဇာက်​သည်၊ မိ​မိ​မ​ယား​ရေ​ဗ​က္က​မြုံ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်၍၊ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ စွဲ​ယူ​လေ၏။ ဝမ်း​အ​တွင်း၌ တည်​သော​သူ​ငယ်​တို့​သည်၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကြ၏။ အ​မိ​က​လည်း၊ ထို​သို့​ဖြစ်၍ ငါ၌​အ​ဘယ်​အ​မှု​ရောက်​ပါ​လိမ့်​မည်​နည်း​ဟု ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​သွား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဖွား​ချိန်​စေ့​သော​အ​ခါ၊ သူ၏​ဝမ်း၌​သား​အ​မွှာ​ရှိ​သ​ဖြင့်၊ အ​ဦး​ဖွား​သော​သား​သည်၊ အ​မွေး​ပါ​သော​အ​ဝတ်​ကဲ့​သို့​ဖြစ်၍၊ တစ်​ကိုယ်​လုံး​အ​ဆင်း​နီ၏။ သူ့​ကို ဧ​သော​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​နောက်​မှ သူ့​ညီ​သည်၊ အစ်​ကို​ဧ​သော၏​ဖ​နှောင့်​ကို​ကိုင်​လျက် ဖွား​လာ၏။ သူ့​ကို​ကား၊ ယာ​ကုပ်​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​သား​နှစ်​ယောက်​ကို ဖွား​သော​အ​ခါ၊ ဣ​ဇာက်​သည် အ​သက်​ခြောက်​ဆယ်​ရှိ​သ​တည်း။ သူ​ငယ်​တို့​သည်​ကြီး​ပွား၍၊ ဧ​သော​ကား လိ​မ္မာ​သော​တော​သား​မု​ဆိုး​ဖြစ်​လေ၏။ ယာ​ကုပ်​ကား တဲ၌​နေ​တတ်၍ စိတ်​ကောင်း​သော​သူ​ဖြစ်၏။ ဣ​ဇာက်​သည်၊ ဧ​သော​ပေး​သော​အ​မဲ​သား​ကို​စား​လေ့​ရှိ​သော​ကြောင့် သူ့​ကို​ချစ်​၏။ ရေ​ဗ​က္က​မူ​ကား ယာ​ကုပ်​ကို​ချစ်၏။ တစ်​နေ့​သ၌၊ ယာ​ကုပ်​သည် စား​စ​ရာ​ကို ချက်​ပြုတ်​စဉ်​တွင်၊ ဧ​သော​သည် တော​မှ​လာ၍ မော​သော​ကြောင့်၊ ယာ​ကုပ်​အား၊ ထို​နီ​သော​စား​စ​ရာ​နှင့် ငါ့​ကို​ကျွေး​ပါ​လော့၊ ငါ​မော​ပါ​သည်​ဟု​ဆို​လေ၏။ ထို​ကြောင့် သူ၏​နာ​မည်​ကို​ဧ​ဒုံ​ဟု​တွင်​သ​တည်း။ ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင် သင်၏​သား​ဦး​အ​ရာ​ကို၊ ငါ့​အား​ရောင်း​ပါ​ဟု​ဆို​လျှင်၊ ဧ​သော​က၊ ငါ​သေ​လု​ပြီ။ သား​ဦး​အ​ရာ​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ရှိ​ပါ​လိမ့်​မည်​နည်း​ဟု​ဆို၏။ ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင်​ငါ့​အား ကျိန်​ဆို​ခြင်း​ကို​ပြု​ပါ​ဟု​ဆို​သော်၊ သူ​သည်​ကျိန်​ဆို​သ​ဖြင့်၊ ယာ​ကုပ်​အား မိ​မိ​သား​ဦး​အ​ရာ​ကို​ရောင်း​လေ၏။ ထို​အ​ခါ ယာ​ကုပ်​သည်၊ မုန့်​နှင့် ပဲ​ဟင်း​ကို ဧ​သော​အား​ပေး​သ​ဖြင့်၊ သူ​သည် စား​သောက်​ပြီး​မှ​ထ၍ သွား​လေ၏။ ထို​သို့​ဧ​သော​သည်၊ မိ​မိ​နှင့် ဆိုင်​သော​သား​ဦး​အ​ရာ​ကို မ​ထီ​မဲ့​မြင်​ပြု​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။