YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 25:19-28

ကမ္ဘာဦး 25:19-28 JBMLE

အာ​ဗြ​ဟံ​သား​ဣ​ဇာက်၏​အ​ဆက်​အ​နွယ်​ဟူ​မူ​ကား၊ အာ​ဗြ​ဟံ​သား​ကား ဣ​ဇာက်​တည်း။ ဣ​ဇာက်​သည်၊ အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ၊ ပါ​ဒ​နာ​ရံ​အ​ရပ်​သူ၊ ရှု​ရိ​အ​မျိုး​ဗေ​သွေ​လ၏​သ​မီး၊ ရှု​ရိ​လူ​လာ​ဗန်၏​နှ​မ​ရေ​ဗ​က္က​နှင့် အိမ်​ထောင်​လေ၏။ ဣ​ဇာက်​သည်၊ မိ​မိ​မ​ယား​ရေ​ဗ​က္က​မြုံ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို တောင်း​ပန်၍၊ ထာ​ဝ​ရ​ဘု​ရား​နား​ထောင်​တော်​မူ​သ​ဖြင့်၊ သူ၏​မ​ယား​သည် ပ​ဋိ​သ​န္ဓေ စွဲ​ယူ​လေ၏။ ဝမ်း​အ​တွင်း၌ တည်​သော​သူ​ငယ်​တို့​သည်၊ အ​ချင်း​ချင်း​တိုက်​ခိုက်​ကြ၏။ အ​မိ​က​လည်း၊ ထို​သို့​ဖြစ်၍ ငါ၌​အ​ဘယ်​အ​မှု​ရောက်​ပါ​လိမ့်​မည်​နည်း​ဟု ဆို​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​လျှောက်​ခြင်း​ငှာ​သွား​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ဝမ်း​အ​တွင်း၌ လူ​မျိုး​နှစ်​မျိုး​ရှိ၏။ သင်၏​ဝမ်း​ထဲ​က ခြား​နား​သော​လူ​စု​နှစ်​စု​ကို ဖွား​ရ​လိမ့်​မည်။ လူ​တစ်​မျိုး​သည် တစ်​မျိုး​ထက်​အား​ကြီး​လိမ့်​မည်။ အ​ကြီး​သည်​အ​ငယ်၌ ကျွန်​ခံ​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ဖွား​ချိန်​စေ့​သော​အ​ခါ၊ သူ၏​ဝမ်း၌​သား​အ​မွှာ​ရှိ​သ​ဖြင့်၊ အ​ဦး​ဖွား​သော​သား​သည်၊ အ​မွေး​ပါ​သော​အ​ဝတ်​ကဲ့​သို့​ဖြစ်၍၊ တစ်​ကိုယ်​လုံး​အ​ဆင်း​နီ၏။ သူ့​ကို ဧ​သော​ဟူ​သော​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​နောက်​မှ သူ့​ညီ​သည်၊ အစ်​ကို​ဧ​သော၏​ဖ​နှောင့်​ကို​ကိုင်​လျက် ဖွား​လာ၏။ သူ့​ကို​ကား၊ ယာ​ကုပ်​အ​မည်​ဖြင့် မှည့်​ကြ၏။ ထို​သား​နှစ်​ယောက်​ကို ဖွား​သော​အ​ခါ၊ ဣ​ဇာက်​သည် အ​သက်​ခြောက်​ဆယ်​ရှိ​သ​တည်း။ သူ​ငယ်​တို့​သည်​ကြီး​ပွား၍၊ ဧ​သော​ကား လိ​မ္မာ​သော​တော​သား​မု​ဆိုး​ဖြစ်​လေ၏။ ယာ​ကုပ်​ကား တဲ၌​နေ​တတ်၍ စိတ်​ကောင်း​သော​သူ​ဖြစ်၏။ ဣ​ဇာက်​သည်၊ ဧ​သော​ပေး​သော​အ​မဲ​သား​ကို​စား​လေ့​ရှိ​သော​ကြောင့် သူ့​ကို​ချစ်​၏။ ရေ​ဗ​က္က​မူ​ကား ယာ​ကုပ်​ကို​ချစ်၏။