YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 21:1-8

ကမ္ဘာဦး 21:1-8 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ စာ​ရာ​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ၍၊ က​တိ​တော်​ရှိ​သည်​နှင့်​လျော်​စွာ သူ၌​ပြု​တော်​မူ​သ​ဖြင့်၊ စာ​ရာ​သည်​ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ ဘု​ရား​သ​ခင်​အ​မိန့်​တော်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ အာ​ဗြ​ဟံ​အ​သက်​ကြီး​သော​အ​ခါ၊ သူ့​အား​သား​ကို​ဖွား​လေ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ မိ​မိ​ရ​သော​သား​တည်း​ဟူ​သော၊ စာ​ရာ​ဖွား​သော​သား​ကို ဣ​ဇာက်​အ​မည်​ဖြင့် မှည့်​လေ၏။ ဘု​ရား​သ​ခင်​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အာ​ဗြ​ဟံ​သည်​ရှစ်​ရက်​မြောက်​သော​နေ့၌၊ သား​ဣ​ဇာက်​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​လေ၏။ သား​ဣ​ဇာက်​ကို​မြင်​ရ​သော​အ​ခါ၊ အာ​ဗြ​ဟံ​သည် အ​သက်​တစ်​ရာ​ရှိ​သ​တည်း။ စာ​ရာ​က​လည်း၊ ငါ​ရယ်​ရ​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပြီ။ ဤ​သ​တင်း​ကို ကြား​သော​သူ​အ​ပေါင်း​တို့​သည်​လည်း၊ ငါ​နှင့်​အ​တူ ရယ်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ စာ​ရာ​သည်​သား​ကို​နို့​တိုက်​လိမ့်​မည်​ဟု အာ​ဗြ​ဟံ​အား အ​ဘယ်​သူ​ပြော​နှင့်​ရ​သ​နည်း။ သူ​သည်​အ​သက်​ကြီး​သော​အ​ခါ၊ ငါ​သည်​သား​ကို​ဖွား​ပြီ​ဟူ၍​လည်း​ကောင်း ဆို​လေ၏။ ထို​သူ​ငယ်​ဣ​ဇာက်​သည် ကြီး​ပွား၍ နို့​နှင့်​ကွာ​လေ၏။ နို့​ကွာ​သော​နေ့၌ အာ​ဗြ​ဟံ​သည် ပွဲ​ကြီး​လုပ်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။