YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 20

20
အာ​ဗြ​ဟံ​နှင့်​အ​ဘိ​မ​လက်
1တစ်​ဖန်​အာ​ဗြ​ဟံ​သည် တောင်​ပြည်​သို့ ခ​ရီး​သွား​သ​ဖြင့်၊ ကာ​ဒေ​ရှ​မြို့​နှင့် ရှု​ရ​မြို့​စပ်​ကြား​မှာ​နေ၍၊ ဂေ​ရာ​မြို့၌​တည်း​ခို၏။ 2ထို​အ​ခါ မိ​မိ​မ​ယား​စာ​ရာ​သည် မိ​မိ​နှ​မ​ဖြစ်​သည်​ဟု၊ သူ​တစ်​ပါး​တို့​အား အာ​ဗြ​ဟံ​ဆို​သော​ကြောင့်၊ ဂေ​ရာ​မင်း​ကြီး​အ​ဘိ​မ​လက်​သည် မိ​မိ​လူ​ကို​စေ​လွှတ်၍၊ စာ​ရာ​ကို​ယူ​စေ​၏။#က၊ ၁၂:၁၃၊ ၂၆:၇။ 3ည​အ​ချိန်​တွင်​အိပ်​မက်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​ဆီ​သို့​ကြွ​လာ၍၊ သင်​သည် လူ​သေ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​ယူ​သော​မိန်း​မ​သည် သူ့​မ​ယား​ဖြစ်၏​ဟု မိန့်​တော်​မူ​၏။ 4အ​ဘိ​မ​လက်​သည်၊ ထို​မိန်း​မ​နှင့် မ​ပေါင်း​ဖော်​သေး​သည်​ဖြစ်၍၊ အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​သော​လူ​မျိုး​ကို ကွပ်​မျက်​တော်​မူ​မည်​လော။ 5သူ​သည် ငါ​နှ​မ​ဖြစ်၏​ဟု အ​ကျွန်ုပ်​အား ယောက်ျား​ဆို​သည်​မ​ဟုတ်​ပါ​လော။ အ​ကျွန်ုပ်​အား​သူ​သည်​ငါ့​မောင်​ဖြစ်၏​ဟု၊ မိန်း​မ​လည်း​ဆို​သည် မ​ဟုတ်​ပါ​လော။ ဖြောင့်​မတ်​သော​သ​ဘော​ရှိ၍၊ သန့်​ရှင်း​သော​လက်​နှင့် ဤ​အ​မှု​ကို​အ​ကျွန်ုပ်​ပြု​ပါ​ပြီ​ဟု လျှောက်​ဆို၏။
6ထို​အိပ်​မက်၌ ဘု​ရား​သ​ခင်​က​လည်း၊ မှန်​ပေ၏။ သင်​သည် ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြု​သည်​ကို ငါ​သိ၏။ သင်​သည်​ငါ့​ကို​မ​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သင့်​ကို ငါ​ဆီး​တား​ပြီ။ သို့​ဖြစ်၍ ထို​မိန်း​မ​နှင့်​ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ကို ငါ​မ​ပေး။ 7ယ​ခု​မှာ၊ သူ၏​မ​ယား​ကို သူ့​အား​ပြန်​ပေး​လော့။ သူ​သည် ပ​ရော​ဖက်​ဖြစ်၏။ သင့်​အ​ဖို့​ဆု​တောင်း​လျှင်၊ သင်​သည် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ ပြန်၍​မ​ပေး​ဘဲ​နေ​လျှင်၊ သင်​မှ​စ၍၊ သင်​နှင့်​ဆိုင်​သော​သူ​အ​ပေါင်း​တို့​သည် ဧ​ကန်​အ​မှန်​သေ​မည်​ဟု မိန့်​တော်​မူ၏။
8နံ​နက်​စော​စော​အ​ဘိ​မ​လက်​သည်​ထ၍၊ မိ​မိ​ကျွန်​အ​ပေါင်း​တို့​ကို​ခေါ်​ပြီး​မှ၊ အ​မူ​အ​ရာ​အ​လုံး​စုံ​ကို​ပြော​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​လွန်​ကြောက်​ကြ၏။ 9အာ​ဗြ​ဟံ​ကို​လည်း အ​ဘိ​မ​လက်​ခေါ်၍၊ သင်​သည်​ငါ​တို့၌ အ​ဘယ်​သို့​ပြု​သ​နည်း။ သင့်​ကို​ငါ​တို့​သည်​အ​ဘယ်​သို့​ပြစ်​မှား​သော​ကြောင့်၊ သင်​သည်​ငါ၌​လည်း​ကောင်း၊ ငါ့​နိုင်​ငံ၌​လည်း​ကောင်း၊ ကြီး​စွာ​သော​အ​ပြစ်​ကို ရောက်​စေ​သ​နည်း။ သင်​သည် မ​ပြု​အပ်​သော​အ​မှု​ကို ငါ၌​ပြု​ပါ​သည်​တ​ကား​ဟု ဆို​လေ၏။ 10တစ်​ဖန်​အ​ဘိ​မ​လက်​က၊ သင်​သည် အ​ဘယ်​အ​မှု​ကို​မြင်၍ ဤ​သို့​ပြု​သ​နည်း​ဟု အာ​ဗြ​ဟံ​ကို​မေး​လျှင်၊ 11အာ​ဗြ​ဟံ​က၊ ဤ​အ​ရပ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ အ​ကျွန်ုပ်၏​မ​ယား​အ​တွက် အ​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​ထင်​သော​ကြောင့်၊ ထို​သို့​ပြု​မိ​ပါ​ပြီ။ 12သို့​သော်​လည်း သူ​သည်​အ​ကျွန်ုပ်​နှ​မ​မှန်​ပါ၏။ အ​ကျွန်ုပ်​အ​ဘ၏​သ​မီး​ဖြစ်၏။ အ​မိ၏​သ​မီး​မ​ဟုတ်။ အ​ကျွန်ုပ်​မ​ယား​လည်း ဖြစ်​ပါ၏။ 13ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို​အ​ဘ၏ အိမ်​မှ​ခေါ်၍ လည်​စေ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​က၊ သင်​သည်​ငါ၌​ပြု​ရ​သော​ကျေး​ဇူး​ဟူ​မူ​ကား၊ ငါ​သည်​သင်၏​မောင်​ဖြစ်​ကြောင်း​ကို ရောက်​လေ​ရာ​ရာ၌​ပြော​ရ​မည်​ဟု၊ မ​ယား​ကို​မှာ​ထား​ပါ​သည်​ဟု ပြန်​ပြော​လေ​၏။ 14ထို​အ​ခါ အ​ဘိ​မ​လက်​သည်၊ သိုး၊ နွား၊ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို​ယူ၍၊ အာ​ဗြ​ဟံ​အား​ပေး​လေ၏။ မ​ယား​စာ​ရာ​ကို​လည်း​ပြန်​ပေး​၏။ 15အ​ဘိ​မ​လက်​က​လည်း၊ ငါ့​မြေ​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​လို​ရှိ​သည်​အ​တိုင်း နေ​ပါ​ဟု အ​မိန့်​ရှိ​၏။ 16စာ​ရာ​ကို​လည်း၊ သင်​နှင့် သင့်​အ​ပေါင်း​အ​ဖော်​တို့​အ​ဖို့၊ မျက်​နှာ​ဖုံး​များ​ကို ဝယ်​စ​ရာ​ဖို့၊ သင်၏​မောင်​အား ငွေ​တစ်​ထောင်​ကို​ငါ​ပေး​ပြီ​ဟု အ​မိန့်​ရှိ​သ​ဖြင့်၊ သူ​သည်​လည်း အ​ရာ​ရာ၌​အ​ဆုံး​အ​မ​ခံ​ရ​၏။
17အာ​ဗြ​ဟံ​သည်​လည်း၊ ဘု​ရား​သ​ခင်​ကို​ဆု​တောင်း၍၊ ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​နှင့် သူ၏​မ​ယား၊ သူ၏​ကျွန်​မ​တို့​ကို​အ​နာ​ပျောက်​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သား​ကို​ဖွား​ကြ​၏။ 18အ​ထက်​က အာ​ဗြ​ဟံ၏​မ​ယား​စာ​ရာ​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်၊ အ​ဘိ​မ​လက်​၏​အိမ်​သူ၊ မိန်း​မ​တစ်​ယောက်​မျှ ပ​ဋိ​သ​န္ဓေ​မ​ယူ​စေ​ခြင်း​ငှာ၊ စီ​ရင်​တော်​မူ​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ကမ္ဘာဦး 20: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။