YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 18:1-15

ကမ္ဘာဦး 18:1-15 JBMLE

ထာ​ဝ​ရ​ဘု​ရား​သည် မံ​ရေ​သ​ပိတ်​တော​နား​မှာ၊ အာ​ဗြ​ဟံ​အား​ထင်​ရှား​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ နေ​ပူ​သော​အ​ချိန်​တွင် အာ​ဗြ​ဟံ​သည် တဲ​တံ​ခါး​ဝ၌​ထိုင်​လျက်၊ မျှော်​ကြည့်၍၊ မိ​မိ​ရှေ့​မှာ လူ​သုံး​ယောက်​ရပ်​နေ​ကြ​သည်​ကို​မြင်​သော​အ​ခါ၊ ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ တဲ​တံ​ခါး​ဝ​မှ​ပြေး၍ မြေ​သို့​ဦး​ညွှတ်​ချ​လျက်၊ အ​ကျွန်ုပ်​သ​ခင်၊ ရှေ့​တော်၌​အ​ကျွန်ုပ်​သည် မျက်​နှာ​ရ​လျှင် ကိုယ်​တော်​ကျွန်​မှ လွန်၍​မ​သွား​ပါ​နှင့်။ ရေ​အ​နည်း​ငယ်​ကို ယူ​ခဲ့​ပါ​ရ​စေ။ ခြေ​ကို​ဆေး​ပြီး​လျှင် သစ်​ပင်​အောက်၌​လျောင်း​နေ​ကြ​ပါ​လော့။ မုန့်​အ​နည်း​ငယ်​ကို​လည်း​ယူ​ခဲ့​ပါ​မည်။ အ​မော​အ​ပန်း​ပြေ​သော​အ​ခါ သွား​ကြ​ပါ​လော့။ ထို​သို့​သော ကျေး​ဇူး​တော်​ကို​ခံ​စေ​ခြင်း​ငှာ၊ ကိုယ်​တော်​ကျွန်​ရှိ​ရာ​သို့ ရောက်​ပါ​ပြီ​ဟု​ဆို၏။ ထို​သူ​တို့​က​လည်း၊ ပြော​သည်​အ​တိုင်း​ပြု​ပါ​လော့​ဟု ဆို​ကြ၏။ အာ​ဗြ​ဟံ​သည်​လည်း၊ တဲ​အ​တွင်း၌​ရှိ​သော စာ​ရာ​ဆီ​သို့ အ​လျင်​အ​မြန်​ဝင်​ပြီး​လျှင်၊ ဂျုံ​မုန့်​ညက်​သုံး​စ​လယ်​ကို အ​သော့​ပြင်၍ နယ်​ပါ။ ပေါင်​မုန့်​ကို​လုပ်​ပါ​ဟု​ဆို​လေ၏။ တစ်​ဖန်​နွား​စု​သို့​ပြေး၍ နု​ထွား​ကောင်း​မွန်​သော​နွား​သ​ငယ်​ကို​ယူ​ခဲ့၍၊ လု​လင်၌​အပ်​သ​ဖြင့် မြန်​မြန်​ပြင်​ဆင်​စေ၏။ ထို​နောက်၊ နို့​နှင့် နို့​ဓမ်း​ကို​လည်း​ကောင်း၊ ပြင်​ဆင်​သော နွား​သ​ငယ်​ကို​လည်း​ကောင်း​ယူ၍၊ ထို​သူ​တို့​ရှေ့၌​ထည့်​ပြီး​လျှင်၊ သစ်​ပင်​အောက်၊ သူ​တို့​အ​နား​မှာ​ရပ်​နေ၍၊ သူ​တို့​သည်​စား​ကြ၏။ ပြီး​သော​အ​ခါ၊ သင်၏​မ​ယား​စာ​ရာ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု​မေး​ကြ​လျှင်၊ တဲ​အ​တွင်း၌​ရှိ​ပါ​သည်​ဟု ပြန်​ပြော၏။ ထို​သူ​တို့​တွင် တစ်​ပါး​က​လည်း၊ ဖွား​ချိန်​စေ့​သော​အ​ခါ၊ ငါ​သည် သင့်​ဆီ​သို့ ဆက်​ဆက်​ပြန်​လာ​ဦး​မည်။ ထို​အ​ခါ သင်၏​မ​ယား​စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ပြော​ဆို၏။ ထို​သို့​ဆို​သော​သူ၏​နောက်၌ တံ​ခါး​ဝ​အ​နား​မှာ၊ စာ​ရာ​ရှိ​သော​ကြောင့် ထို​စ​ကား​ကို​ကြား၏။ ထို​အ​ခါ အာ​ဗြ​ဟံ​နှင့်​စာ​ရာ​သည် အ​သက်​အ​ရွယ်​ကြီး​ရင့်​လှ​ပြီ။ စာ​ရာ​သည် မိန်း​မ​တို့၌ ဥ​တု​ရောက်​မြဲ​ရှိ​သည်​အ​တိုင်း မ​ရောက်​ပြီ။ ထို​ကြောင့် စာ​ရာ​က၊ ငါ​လည်း​အို​ပြီ၊ ငါ့​သ​ခင်​လည်း​အို​ပြီ၊ သို့​ဖြစ်၍ ငါ​သည် ပျော်​မွေ့​ခြင်း​ရှိ​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ တိတ်​ဆိတ်​စွာ​ရယ်​လေ၏။ သင်၏​မ​ယား​စာ​ရာ​က၊ အ​ကယ်၍ ငါ​သည်​အို​ပြီး​မှ၊ သား​ကို​ဖွား​လိမ့်​မည်​လော​ဟု​ဆို​လျက်၊ အ​ဘယ်​ကြောင့် ရယ်​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​မ​တတ်​နိုင်​သော​အ​မှု တစ်​စုံ​တစ်​ခု​ရှိ​သ​လော။ ချိန်း​ချက်​သော ဖွား​ချိန်​စေ့​သော​အ​ခါ၊ သင့်​ဆီ​သို့​ငါ​ပြန်​လာ၍၊ စာ​ရာ​သည် သား​ကို​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြ​ဟံ​အား​မိန့်​တော်​မူ၏။ စာ​ရာ​က​လည်း၊ ကျွန်​မ​မ​ရယ်​ပါ​ဟု၊ ကြောက်၍ ငြင်း​လေ၏။ မ​ဟုတ်​ဘူး။ သင်​ရယ်​ပြီ​ဟု မိန့်​တော်​မူ၏။