YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 16:1-6

ကမ္ဘာဦး 16:1-6 JBMLE

အာ​ဗြံ၏​မ​ယား​စာ​ရဲ၌ သား​ဖွား​ခြင်း​မ​ရှိ​သ​ဖြင့်၊ အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​အ​မည်​ရှိ​သော ကျွန်​မ​တစ်​ယောက်​ရှိ​သည်​ဖြစ်၍၊ စာ​ရဲ​က၊ အ​ကျွန်ုပ်​အား​သား​ဖွား​ရ​သော​အ​ခွင့်​ကို ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မ​မူ။ အ​ကျွန်ုပ်၏​ကျွန်​မ​ထံ​သို့ ဝင်​ပါ​လော့။ သူ့​အား​ဖြင့် အ​ကျွန်ုပ်​သည် တည်​ဆောက်​ခြင်း ရှိ​ကောင်း​ရှိ​ပါ​လိမ့်​မည်​ဟု အာ​ဗြံ​အား​ပြော​ဆို၍၊ အာ​ဗြံ​သည် စာ​ရဲ၏​စ​ကား​ကို နား​ထောင်​လေ၏။ ထို​သို့​အာ​ဗြံ​သည် ခါ​နာန်​ပြည်၌​ဆယ်​နှစ်​နေ​ပြီး​မှ၊ အာ​ဗြံ၏​မ​ယား​စာ​ရဲ​သည် မိ​မိ​ကျွန်​မ​အဲ​ဂု​တ္တု​ပြည်​သူ​ဟာ​ဂ​ရ​ကို​ယူ၍၊ မိ​မိ​ခင်​ပွန်း​အာ​ဗြံ​သိမ်း​ပိုက်​စေ​ဖို့ အပ်​နှင်း​လေ၏။ အာ​ဗြံ​သည်​လည်း ဟာ​ဂ​ရ​ထံ​သို့​ဝင်၍၊ ဟာ​ဂ​ရ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​လေ၏။ ဟာ​ဂ​ရ​သည် မိ​မိ​တွင်​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ မိ​မိ​သ​ခင်​မ​ကို မ​ထီ​မဲ့​မြင်​ပြု​လေ၏။ စာ​ရဲ​က​လည်း အ​ကျွန်ုပ်​ခံ​ရ​သော​အ​ပြစ်​သည် ကိုယ်​တော်​ခေါင်း​ပေါ်၌ တည်​ရှိ​ပါ​စေ။ အ​ကျွန်ုပ်၏​ကျွန်​မ​ကို ကိုယ်​တော်​ရင်​ခွင်၌ အ​ကျွန်ုပ်​အပ်​နှင်း​ပါ​ပြီ။ သူ​သည် ကိုယ်၌​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ အ​ကျွန်ုပ်​ကို မ​ထီ​မဲ့​မြင်​ပြု​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​အ​မှု​ကို စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​အား​ဆို​လေ၏။ အာ​ဗြံ​က​လည်း၊ သင်၏​ကျွန်​မ​သည် သင်၏​လက်၌​ရှိ၏။ သူ၌​ပြု​ချင်​သ​မျှ​ပြု​ပါ​လော့​ဟု စာ​ရဲ​အား​ပြန်​ပြော​လျှင်၊ စာ​ရဲ​သည် ကျွန်​မ​ကို​ညှဉ်း​ဆဲ​သ​ဖြင့်၊ ကျွန်​မ​သည် သ​ခင်​မ​ထံ​မှ​ထွက်​ပြေး​လေ၏။