YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 15:12-18

ကမ္ဘာဦး 15:12-18 JBMLE

နေ​ဝင်​သော​အ​ခါ၊ အာ​ဗြံ​သည် ကြီး​သော​အိပ်​ခြင်း​ဖြင့် အိပ်​ပျော်​လျက်၊ ထူ​သော​မှောင်​မိုက်​နှင့်​တွေ့၍၊ ထိတ်​လန့်​ခြင်း​သို့ ရောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​အ​မျိုး​အ​နွယ်​သည်၊ သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌​ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး​ခံ​ရ​ကြ​လိမ့်​မည်​ကို အ​မှန်​သိ​မှတ်​လော့။ သူ​တို့​ကို​စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ၊ သူ​တို့​သည် များ​စွာ​သော​ဥ​စ္စာ​နှင့် ထွက်​ကြ​လိမ့်​မည်။ သင်​သည်​ဘိုး​ဘေး​တို့​ထံ​သို့ ငြိမ်​ဝပ်​စွာ​သွား​ရ​လိမ့်​မည်။ အ​သက်​ကြီး​ရင့်​လျက် သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ လူ​မျိုး​လေး​ဆက်​လွန်​သော​အ​ခါ၊ သူ​တို့​သည် ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့်​မည်။ အာ​မော​ရိ​အ​မျိုး​သား​တို့၏​ဒု​စ​ရိုက်​အ​ပြစ်​သည် မ​စုံ​လင်​သေး​ဟု အာ​ဗြံ​အား မိန့်​တော်​မူ၏။ တစ်​ဖန် နေ​ဝင်၍​မိုက်​သော​အ​ခါ၊ ခွဲ​ထား​သော​အ​သား​အ​လယ်၌၊ မီး​ခိုး​ထွက်​သော​မီး​ဖို၊ မီး​ထွန်း​လင်း​သော​မီး​ခွက်​သည် ထင်​ရှား​စွာ​လျှောက်​သွား​လေ၏။ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊