YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 1:20-31

ကမ္ဘာဦး 1:20-31 JBMLE

တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း၊ များ​ပြား​စွာ မွေး​ဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရ​စ္ဆာန်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် အ​သက်​ရှင်​သော​သ​တ္တ​ဝါ​မျိုး​တည်း​ဟူ​သော သားယဉ်​တို့​ကို​လည်း​ကောင်း၊ တွား​တတ်​သော​တိ​ရ​စ္ဆာန်​တို့​ကို​လည်း​ကောင်း၊ သား​ရဲ​မျိုး​တို့​ကို​လည်း​ကောင်း၊ မွေး​ဖွား​စေ​ဟု​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​တို့​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီတ​သ​ဏ္ဌာန်​တည်း လူ​ကို ဖန်​ဆင်း​ကြ​စို့။ သူ​သည် ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ သားယဉ်​တို့​ကို​လည်း​ကောင်း၊ မြေ​တ​စ်​ပြင်​လုံး​နှင့်​တ​ကွ၊ မြေ​ပေါ်​မှာ တွား​တတ်​သော​တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ အုပ်​စိုး​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ထို​သို့​ဘု​ရား​သ​ခင်​သည် မိ​မိ​ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ လူ​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ လူယောက်ျား၊ လူ​မိန်း​မ​ကို​ဖန်​ဆင်း​ပြီး​လျှင်၊ အ​ချင်း​တို့၊ များ​ပြား​စွာ​မွေး​ဖွား​ကြ​လော့။ မြေကြီး​ကို ပြည့်​စေ​၍ နိုင်​ကြ​လော့။ ပင်​လယ်​ငါး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ငှက်​တို့​ကို​လည်း​ကောင်း၊ အ​သက်​ရှင်​၍ မြေ​ပေါ်​မှာ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း အုပ်​စိုး​ကြ​လော့​ဟု​မိန့်​တော်​မူ​၍၊ သူ​တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း၊ ကြည့်​ရှု​လော့။ မြေ​တ​စ်​ပြင်​လုံး​၌ စ​ပါး​သီး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ မျိုး​စေ့​ကို​ဖြစ်​စေ​သော အ​သီး​နှင့်​ပြည့်​စုံ​သော သစ်​ပင်​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း၊ သင်​တို့​စား​စ​ရာ​ဖို့ ငါ​ပေး​၏။ မြေ​သား၊ မိုး​ကောင်း​ကင်​ငှက်၊ အသက်​ရှင်​၍ မြေ​ပေါ်​မှာ​တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​စား​စ​ရာ​ဖို့၊ မြက်​ပင်​အ​မျိုး​မျိုး​တို့​ကို ငါ​ပေး​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း​ဖြစ်​လေ​၏။ ဘု​ရား​သ​ခင်​သည် မိ​မိ​ဖန်​ဆင်း​သ​မျှ​သော​အ​ရာ​တို့​ကို​ကြည့်​ရှု​လျှင်၊ အ​လွန်​ကောင်း​သည်​ကို မြင်​တော်​မူ​၍၊ ည​ဉ့်ဦး​နှင့် နံ​နက်​သည် ဆ​ဋ္ဌ​မ​နေ့​ရက်​ဖြစ်​လေ​၏။