YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 1:1-23

ကမ္ဘာဦး 1:1-23 JBMLE

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။ မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။ ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။ အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။ မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ ကုန်း​ကို​မြေ​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မြေ​သည် မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​ကို​ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မြေ​ပေါ်​မှာ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း၊ ပေါက်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ မြေ​သည်​မြက်​ပင်​ကို​လည်း​ကောင်း၊ စ​ပါး​သီး​မျိုး​ကို ဖြစ်​စေ​သော စ​ပါး​ပင်​ကို​လည်း​ကောင်း၊ မိ​မိ​၌ မျိုး​စေ့​ပါ​လျက် သစ်​သီး​မျိုး​ကို​ဖြစ်​စေ​သော သစ်​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​၏။ ထို​အ​မှု​အ​ရာ​ကောင်းသည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့်နံ​နက်​သည် တ​တိ​ယ​နေ့​ရက် ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ နေ့​နှင့်ည​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ အ​လင်း​အိမ်​တည်​စေ။ နိ​မိတ်​လ​က္ခ​ဏာ၊ ချိန်း​ချက်​သော​အ​ချိန်၊ နေ့​ရက်​အ​ပိုင်း​အ​ခြား၊ နှစ်​အပိုင်း​အ​ခြား​ဖို့​ဖြစ်​စေ။ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌​တည်​၍ မြေ​ကြီး​လင်း​စ​ရာ အ​လင်း​အိမ်​ဖြစ်​စေ​ဟု၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​၏။ ထို​သို့ ဘု​ရား​သ​ခင်​သည် အ​လင်း​အိမ်​ကြီး နှစ်​လုံး​တည်း​ဟူ​သော၊ နေ့​ကို​အုပ်​စိုး​ရ​သော​အ​ကြီး​တ​စ်​လုံး၊ ည​ကို​အုပ်​စိုး​ရ​သော အ​ငယ်​တ​စ်​လုံး​နှင့်​တ​ကွ ကြယ်​များ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီး​လျှင်၊ မြေ​ကြီး​၌ လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​နှင့် ည​ကို​အုပ်​စိုး​၍ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​၌ ဘု​ရား​သ​ခင် ထား​တော်​မူ​၏။ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် စ​တု​တ္ထ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​တို့​ကို ရေ​သည်​များ​ပြား​စွာ မွေး​ဖွား​စေ။ ငှက်​တို့​လည်း မြေ​ပေါ် မိုး​ကောင်း​ကင်​မျက်​နှာ​ကြက်​ပြင်​ဝယ်​ပျံ​စေ​ဟု အ​မိန့်​တော်​ရှိ​၏။ ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း၊ များ​ပြား​စွာ မွေး​ဖွား​ကြ​လော့။ ပင်​လယ်​ရေ​များ​ကို ပြည့်​စေ​ကြ​လော့။ ငှက်​တို့​လည်း မြေ​ပေါ်​၌ များ​ပြား​စေ​သ​တည်း​ဟု ထို​တိ​ရ​စ္ဆာန်​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ပ​ဥ္စ​မ​နေ့​ရက်​ဖြစ်​လေ​၏။