YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကမ္ဘာဦး 1:1-10

ကမ္ဘာဦး 1:1-10 JBMLE

အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။ မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။ ဘု​ရား​သ​ခင်​က​လည်း အ​လင်း​ဖြစ်​စေ​ဟု အ​မိန့်​တော်​ရှိ​၍ အ​လင်း​ဖြစ်​လေ​၏။ ထို​အ​လင်း​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​၍၊ အ​လင်း​နှင့် မှောင်​မိုက်​ကို ပိုင်း​ခြား​ခွဲ​ထား​တော်​မူ​၏။ အ​လင်း​ကို နေ့​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ မှောင်​မိုက်​ကို ည​ဟူ​သော​အမည်​ဖြင့်​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ညဉ့်ဦး​နှင့် နံ​နက်​သည် ပ​ထ​မ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က ရေ​အ​လယ်​၌ မိုး​မျက်​နှာ​ကြက်​ဖြစ်​စေ၊ ရေ​နှင့် ရေ​ချင်း​ခြား​နား​စေ​ဟု အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ မိုး​မျက်​နှာ​ကြက်​ကို ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​၍၊ မိုး​မျက်​နှာ​ကြက်​အောက်​၌​ရှိ​သော​ရေ​နှင့်၊ မိုး​မျက်​နှာ​ကြက်​အပေါ်​၌​ရှိ​သော​ရေ​ကို ပိုင်း​ခြား​တော်​မူ​သည်​အ​တိုင်း ဖြစ်​လေ​၏။ မိုး​မျက်​နှာ​ကြက်​ကို​လည်း မိုး​ကောင်း​ကင်​ဟူ​သော​အ​မည်​ဖြင့် ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍၊ ညဉ့်​ဦး​နှင့် နံ​နက်​သည် ဒု​တိ​ယ​နေ့​ရက်​ဖြစ်​လေ​၏။ တ​စ်​ဖန်​ဘု​ရား​သ​ခင်​က၊ မိုး​ကောင်း​ကင်​အောက်​၌​ရှိ​သော ရေ​စု​ဝေး​စေ၊ ကုန်း​ပေါ်​စေ​ဟု အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​လေ​၏။ ကုန်း​ကို​မြေ​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ရေ​စု​ဝေး​ရာ​ကို ပင်​လယ်​ဟူ​သော​အ​မည်​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ခေါ်​ဝေါ်​သ​မုတ်​တော်​မူ​၍ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို ဘု​ရား​သ​ခင်​မြင်​တော်​မူ​၏။

​ကမ္ဘာဦး 1:1-10 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။