YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 6:11-18

ဂလာတိ 6:11-18 JBMLE

အ​ဘယ်​မျှ​လောက်​ကြီး​သော​စာ​ကို ကိုယ်​လက်​နှင့် သင်​တို့​အား ငါ​ရေး​လိုက်​သည်​ကို သင်​တို့​မြင်​ကြ၏။- မိ​မိ​တို့​အ​သွေး​အ​ဆင်း တင့်​တယ်​စေ​ချင်​သော သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကြောင့် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​နှင့် မိ​မိ​တို့​ကင်း​လွတ်​လို၍၊ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် သွေး​ဆောင်​တတ်​ကြ၏။- အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည် ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင်​မ​ကျင့်​သည်​ဖြစ်၍၊ သင်​တို့၏ အ​သွေး​အ​ဆင်း​ကို အ​မှီ​ပြု​လျက်​ဝါ​ကြွား​လို၍ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- ငါ​ဖြစ်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ၌​မျှ ဝါ​ကြွား​ခြင်း​မ​ရှိ ပါ​စေ​နှင့်။ ထို​လက်​ဝါး​ကပ်​တိုင်​တော်​မှာ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ရှိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက်​ရှိ၏။- အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ သ​တ္တ​ဝါ​သစ်​ဖြစ်​ခြင်း​သာ အ​ကျိုး​ရှိ၏။- ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း ကျင့်​သော​သူ​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါ်၌​လည်း​ကောင်း၊ ငြိမ်​သက်​ခြင်း​နှင့် သ​နား​တော်​မူ​ခြင်း သက်​ရောက်​ပါ​စေ​သော။- ယ​ခု​မှ​စ၍ အ​ဘယ်​သူ​မျှ ငါ့​ကို မ​နှောင့်​ယှက်​စေ​နှင့်။ ငါ့​ကိုယ်၌ သ​ခင်​ယေ​ရှု၏​ဒဏ်​ချက်​ရာ​ကို ငါ​ဆောင်၏။- ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​သည် သင်​တို့၏​စိတ်​နှ​လုံး၌ ရှိ​စေ​သ​တည်း။ အာ​မင်။ ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ​ပြီး၏။