YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 6:1-10

ဂလာတိ 6:1-10 JBMLE

ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။- ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။- အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။- လူ​တိုင်း ကိုယ်​တိုင်​ပြု​သော​အ​မှု​ကို စစ်​ကြော​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး၌​မ​ဆို​ဘဲ ကိုယ်၌​သာ ဝါ​ကြွား ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ရှိ​လိမ့်​မည်။- အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။ နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။- အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။- မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။- ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။- ထို​ကြောင့်​ငါ​တို့​သည် အ​ဆင်​သင့်​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၏ အိမ်​သူ​အိမ်​သား​တို့၌ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​လျက်၊ ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။