YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 6

6
အ​ချင်း​ချင်း​ဝန်​ကို​ကူ​ညီ​ထမ်း​ရွက်
1ညီ​အစ်​ကို​တို့၊ လူ​သည်​သ​တိ​လစ်၍ တစ်​စုံ​တစ်​ခု​သော ဒု​စ​ရိုက်​ကို​ပြု​မိ​လျှင်၊ ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို ခံ​ရ​သော​သင်​တို့​သည် အ​ပြစ်​သွေး​ဆောင်​ခြင်း​နှင့် ကိုယ်​တိုင်​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​သ​တိ​ပြု​လျက် သိမ်​မွေ့ နူး​ညံ့​သော​သ​ဘော​နှင့် ထို​သို့​သော​သူ​ကို မ​စ၍၊ သူ၏​နေ​ရာ၌ တည်​မြဲ တည်​စေ​ပြန်​ကြ​လော့။- 2ထမ်း​ရွက်​စ​ရာ​ဝန်​ချင်း​တို့​ကို အ​ချင်း​ချင်း​ကူ​ညီ၍ ထမ်း​ရွက်​သော​အား​ဖြင့် ခ​ရစ်​တော်၏​တ​ရား​ကို ကျင့်​ကြ​လော့။- 3အ​ကြင်​သူ​သည် ဘာ​မျှ​မ​ဟုတ်​ဘဲ​လျက်၊ ဤ​မျှ​လောက်​ငါ​ဖြစ်​သည်​ဟု​စိတ်​ထင်​လျှင်၊ ထို​သူ​သည် ကိုယ်​ကို လှည့်​ဖြား​သော​သူ​ဖြစ်၏။- 4လူ​တိုင်း ကိုယ်​တိုင်​ပြု​သော​အ​မှု​ကို စစ်​ကြော​စေ။ သို့​ပြု​လျှင် သူ​တစ်​ပါး၌​မ​ဆို​ဘဲ ကိုယ်၌​သာ ဝါ​ကြွား ဝမ်း​မြောက်​စ​ရာ အ​ကြောင်း​ရှိ​လိမ့်​မည်။- 5အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။
6နှုတ်​က​ပတ်​တ​ရား​ကို သင်​သော​သူ​သည် သင်​ပေး​သော​သူ​အား ကောင်း​သော​အ​ရာ ရှိ​သ​မျှ​တို့​ကို ဝေ​မျှ​စေ။- 7အ​လွဲ​မ​ယူ​ကြ​နှင့်။ ဘု​ရား​သ​ခင်​သည် မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို ခံ​တော်​မ​မူ။ လူ​သည် မျိုး​စေ့​ကြဲ​သည်​အ​တိုင်း အ​သီး​အ​နှံ​ကို​ရိတ်​ရ​လိမ့်​မည်။- 8မိ​မိ​ဇာ​တိ​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ပုပ်​ပျက်​ခြင်း​အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိ​ညာဉ်​ပ​က​တိ၌ မျိုး​စေ့​ကြဲ​သော​သူ​သည် ဝိ​ညာဉ်​ပ​က​တိ​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း အ​သီး​အ​နှံ​ကို ရိတ်​ရ​လိမ့်​မည်။- 9ငါ​တို့​သည်​အား​မ​လျော့၊ စိတ်​မ​ပျက်​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​ကုန်​အံ့။ ထို​သို့​တည်​ကြည်၍ ကျင့်​လျှင် အ​ချိန်​တန်​သော​ကာ​လ၌ အ​သီး​အ​နှံ​ကို ရိတ်​ရ​ကြ​လိမ့်​မည်။- 10ထို​ကြောင့်​ငါ​တို့​သည် အ​ဆင်​သင့်​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၏ အိမ်​သူ​အိမ်​သား​တို့၌ အ​ထူး​သ​ဖြင့် ကျေး​ဇူး​ပြု​လျက်၊ ခပ်​သိမ်း​သော​သူ​တို့​အား ကျေး​ဇူး​ပြု​ကြ​ကုန်​အံ့။
နောက်​ဆုံး​သ​တိ​ပေး​ခြင်း၊ နှုတ်​ဆက်​ခြင်း
11အ​ဘယ်​မျှ​လောက်​ကြီး​သော​စာ​ကို ကိုယ်​လက်​နှင့် သင်​တို့​အား ငါ​ရေး​လိုက်​သည်​ကို သင်​တို့​မြင်​ကြ၏။- 12မိ​မိ​တို့​အ​သွေး​အ​ဆင်း တင့်​တယ်​စေ​ချင်​သော သူ​ရှိ​သ​မျှ​တို့​သည် ခ​ရစ်​တော်၏ လက်​ဝါး​ကပ်​တိုင်​ကြောင့် ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​နှင့် မိ​မိ​တို့​ကင်း​လွတ်​လို၍၊ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​စေ​ခြင်း​ငှာ အ​နိုင်​အ​ထက် သွေး​ဆောင်​တတ်​ကြ၏။- 13အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​သည် ပ​ညတ်​တ​ရား​ကို ကိုယ်​တိုင်​မ​ကျင့်​သည်​ဖြစ်၍၊ သင်​တို့၏ အ​သွေး​အ​ဆင်း​ကို အ​မှီ​ပြု​လျက်​ဝါ​ကြွား​လို၍ သင်​တို့​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- 14ငါ​ဖြစ်​လျှင်၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်၏ လက်​ဝါး​ကပ်​တိုင်​တော်​မှ​တစ်​ပါး အ​ဘယ်​အ​ရာ၌​မျှ ဝါ​ကြွား​ခြင်း​မ​ရှိ ပါ​စေ​နှင့်။ ထို​လက်​ဝါး​ကပ်​တိုင်​တော်​မှာ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ရှိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက်​ရှိ၏။- 15အ​ကြောင်း​မူ​ကား၊ ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ။ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ သ​တ္တ​ဝါ​သစ်​ဖြစ်​ခြင်း​သာ အ​ကျိုး​ရှိ၏။- 16ဤ​နည်း​ဥ​ပ​ဒေ​သ​အ​တိုင်း ကျင့်​သော​သူ​ရှိ​သ​မျှ​တို့ အ​ပေါ်၌​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဣ​သ​ရေ​လ​အ​မျိုး အ​ပေါ်၌​လည်း​ကောင်း၊ ငြိမ်​သက်​ခြင်း​နှင့် သ​နား​တော်​မူ​ခြင်း သက်​ရောက်​ပါ​စေ​သော။- 17ယ​ခု​မှ​စ၍ အ​ဘယ်​သူ​မျှ ငါ့​ကို မ​နှောင့်​ယှက်​စေ​နှင့်။ ငါ့​ကိုယ်၌ သ​ခင်​ယေ​ရှု၏​ဒဏ်​ချက်​ရာ​ကို ငါ​ဆောင်၏။- 18ညီ​အစ်​ကို​တို့၊ ငါ​တို့​သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​သည် သင်​တို့၏​စိတ်​နှ​လုံး၌ ရှိ​စေ​သ​တည်း။ အာ​မင်။
ဂ​လာ​တိ​ဩ​ဝါ​ဒ​စာ​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

ဂလာတိ 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ