YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:2-6

ဂလာတိ 5:2-6 JBMLE

ငါ​ပေါ​လု​ဆို​သည်​ကား၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​လျှင်၊ ခ​ရစ်​တော်​အား​ဖြင့် အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ရ​နိုင်​ကြ။- အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​လူ​အ​ပေါင်း​တို့​အား ငါ​တစ်​ဖန် သက်​သေ​ခံ​သည်​ကား၊ ထို​သို့​သော​သူ​သည် ပ​ညတ်​တ​ရား​ကို အ​ကြွင်း​မဲ့​ကျင့်​အံ့​သော​ငှာ ကြွေး​တင်​သော​သူ ဖြစ်၏။- ပ​ညတ်​တ​ရား​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​သ​မျှ​သော သင်​တို့​သည် ခ​ရစ်​တော်​နှင့်​ကွာ၍ ကျေး​ဇူး​တ​ရား၌​မ​တည်၊ ရွေ့​လျော့​ကြ​ပြီ။- ငါ​တို့​မူ​ကား၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​ဟု မျှော်​လ​င့်​သော​ကျေး​ဇူး​တော်​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် ငံ့​လင့်၍​နေ​ကြ၏။- ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။