YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 5:13-16

ဂလာတိ 5:13-16 JBMLE

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် လွှတ်​ခြင်း​အ​ခွင့်​ကို ရ​သော​သူ​ဖြစ်​ကြ၏။ သို့​သော်​လည်း ဇာ​တိ​ပ​က​တိ​အား အ​ခွင့်​ကို​ပေး၍၊ ထို​လွှတ်​ခြင်း​ကို မ​သုံး​ကြ​နှင့်။ အ​ချင်း​ချင်း​ချစ်၍ အ​မှု​ချင်း​ကို ဆောင်​ရွက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​ကို ကိုယ်​နှင့်​အ​မျှ ချစ်​လော့​ဟူ​သော ပ​ညတ်​တစ်​ပါး​ကို ကျင့်​လျှင်၊ ပ​ညတ်​တ​ရား​ရှိ​သ​မျှ​ကို အ​ကြွင်း​မဲ့​ကျင့်​ရာ ရောက်၏။- သို့​မ​ဟုတ် အ​ချင်း​ချင်း​ကိုက်​စား​လျှင် အ​ချင်း​ချင်း ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်၍ သ​တိ​ရှိ​ကြ​လော့။ ငါ​ပ​ညတ်​သည်​ကား၊ ဝိ​ညာဉ်​ပ​က​တိ​အ​တိုင်း ကျင့်​ကြ​လော့။ ထို​သို့​ကျင့်​လျှင် ဇာ​တိ​ပ​က​တိ၏​အ​လို​သို့ မ​လိုက်​ဘဲ​နေ​ကြ​လိမ့်​မည်။