YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 4:8-31

ဂလာတိ 4:8-31 JBMLE

သို့​သော်​လည်း အ​ထက်​က သင်​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​အ​ခါ၊ ဇာ​တိ​အား​ဖြင့် ဘု​ရား​မ​ဟုတ်​သော သူ​တို့၏​အ​မှု​ကို ဆောင်​ရွက်​ကြ၏။- ယ​ခု​မူ​ကား​သင်​တို့​သည် ဘု​ရား​သ​ခင်​ကို သိ​ပြီး​မှ​ဟူ၍​မ​ဆို၊ ဘု​ရား​သင်​သည် သင်​တို့​ကို သိ​တော်​မူ​ပြီး​မှ၊ အား​မ​ရှိ၊ ချမ်း​သာ​မ​ပေး​နိုင်​သော တ​ရား​နု​ဘက်​သို့ အ​ဘယ်​ကြောင့် တစ်​ဖန် ပြောင်း​လဲ​ကြ​သ​နည်း။ ထို​လော​ကီ တ​ရား၌ တစ်​ဖန် ကျွန်​ခံ​ခြင်း​ငှာ အ​လို​ရှိ​ကြ​ပြီ​တ​ကား။- နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​ကာ​လ​များ​ကို စောင့်​ကြ​ပြီ​တ​ကား။- ငါ​သည်​သင်​တို့​ဆီ​မှာ အ​ချည်း​နှီး ကြိုး​စား​အား​ထုတ်​သည်​ဟု သင်​တို့၏​အ​ကြောင်း​ကြောင့် စိုး​ရိမ် လျက်​ရှိ၏။- ညီ​အစ်​ကို​တို့၊ သင်​တို့​ကဲ့​သို့​ငါ​ဖြစ်၏။ ငါ​ကဲ့​သို့ သင်​တို့​ဖြစ်​ကြ​လော့​ဟု ငါ​တောင်း​ပန်၏။ သင်​တို့​သည် ငါ့​ကို အ​လျှင်း​မ​ပြစ်​မှား​ကြ။- ငါ​သည် ကိုယ်​နာ​ခြင်း​ရော​ဂါ​နှင့်​တ​ကွ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သင်​တို့​အား အ​ထက်​က ဟော​ပြော​ကြောင်း​ကို သင်​တို့​သိ​ကြ၏။- ကိုယ်​ကာ​ယ၌​ငါ​ခံ​ရ​သော စုံ​စမ်း​ခြင်း​ကို သင်​တို့​သည် မ​ထီ​မဲ့​မြင်​မ​ပြု၊ ငါ့​ကို​မ​ပယ်၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန် ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရှု​ခ​ရစ်​ကဲ့​သို့​လည်း​ကောင်း၊ လက်​ခံ​ကြ၏။- သို့​ဖြစ်​လျှင် သင်​တို့​ခံ​ရ​သော​မင်္ဂ​လာ​ကား အ​ဘယ်​မင်္ဂ​လာ​နည်း။ အ​ထက်​က ကိုယ်​မျက်​စိ​ကို​ထုတ်၍ ငါ့​အား ပေး​နိုင်​လျှင်၊ ပေး​ခြင်း​ငှာ သင်​တို့​အ​လို​ရှိ​သည်​ဟု ငါ​သက်​သေ​ခံ၏။- ယ​ခု​မူ​ကား၊ ငါ​သည် သ​မ္မာ​တ​ရား​ကို သင်​တို့​အား ဟော​ပြော​သော​ကြောင့် သင်​တို့၏​ရန်​သူ ဖြစ်​သ​လော။- သူ​တ​ထူး​တို့​သည် သင်​တို့​ကို အ​လွန်​ချစ်​ကြ​သည် မှန်​စေ​တော့။ လျောက်​ပတ်​စွာ ချစ်​ကြ​သည်​မ​ဟုတ်။ သင်​တို့​သည်​သူ​တို့​ကို အ​လွန်​ချစ်​မည်​အ​ကြောင်း၊ သူ​တို့​သည် သင်​တို့​ကို ပယ်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- သို့​သော်​လည်း သင်​တို့​နှင့်​အ​တူ ငါ​ရှိ​နေ​စဉ်​တွင်​သာ ကောင်း​သော​အ​ရာ​ကို အ​လွန်​ချစ်​အပ်​သည် မ​ဟုတ်။ အ​စဉ်​မ​ပြတ် အ​လွန်​ချစ်​အပ်၏။- ခ​ရစ်​တော်​သည် သင်​တို့​အ​ထဲ၌ တည်​လျက် ရှိ​တော်​မူ​သည်​တိုင်​အောင် သင်​တို့​အ​ဖို့ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ငါ​ခံ​ရ​သော ငါ့​ချစ်​သား​တို့၊- သင်​တို့​ကို ငါ​ယုံ​မှား​ခြင်း​ရှိ​သော​ကြောင့်၊ ယ​ခု သင်​တို့​ကို ကိုယ်​တိုင်​တွေ့၍ ထူး​ခြား​သော​စ​ကား​ကို ပြော​ခြင်း​ငှာ အ​လို​ရှိ၏။ ပ​ညတ်​တ​ရား​အောက်၌ နေ​ချင်​သော​သူ​တို့၊ သင်​တို့​သည် ပ​ညတ်​တ​ရား​ကို နား​မ​လည်​ကြ​သ​လော။- ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​ကား၊ အာ​ဗြ​ဟံ၌ သား​နှစ်​ယောက်​ရှိ၏။ သား​တစ်​ယောက်​ကား၊ ကျွန်​မ၏​သား​ဖြစ်၏။ တစ်​ယောက်​ကား ကျွန်​မ​မ​ဟုတ်​သော မိန်း​မ၏​သား​ဖြစ်၏​ဟု လာ​သ​တည်း။- ကျွန်​မ၏​သား​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။ ကျွန်​မ​ဟုတ်​သော မိန်း​မ၏​သား​သည် က​တိ​တော်​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။- ထို​အ​ကြောင်း​အ​ရာ​ကို ပုံ​ပ​မာ​အား​ဖြင့်​ဆို​သော်၊ ထို​မိန်း​မ​နှစ်​ယောက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​နှစ်​ပါး​ကို ဆို​လို​သ​တည်း။ ဟာ​ဂ​ရ​အ​မည်​ရှိ​သော မိန်း​မ​တည်း​ဟူ​သော ပ​ဋိ​ညာဉ်​တ​ရား​တစ်​ပါး​သည် သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်၍၊ ကျွန်​များ​ကို ဖွား​တတ်​သော​တ​ရား​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ဟာ​ဂ​ရ​သည် အာ​ရပ်​ပြည်၌​ရှိ​သော သိ​နာ​တောင်​ဖြစ်၏။ ယ​ခု​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် တူ၏၊ မိ​မိ​သား​များ​နှင့်​တ​ကွ ကျွန်​ခံ​ရ၏။- အ​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ခပ်​သိမ်း​သော ငါ​တို့၏ အ​မိ​တည်း​ဟူ​သော ကျွန်​မ မ​ဟုတ်​သော မိန်း​မ​ဖြစ်​သ​တည်း။- ကျမ်း​စာ​လာ​သည်​ကား၊ သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော​မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော မိန်း​မ​ထက် သာ၍​များ​သော သား​တို့​ကို ဖွား​မြင်​ပြီ​ဟု လာ​သ​တည်း။- ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဣ​ဇာက်​ကဲ့​သို့ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော သား​ဖြစ်​ကြ၏။- ထို​အ​ခါ ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွား​သော​သား​ကို ညှ​ဥ်း​ဆဲ​သ​ကဲ့​သို့၊ ထို​နည်း​တူ ယ​ခု​ပင်​ဖြစ်၏။- သို့​သော်​လည်း အ​ဘယ်​သို့ ကျမ်း​စာ​လာ​သ​နည်း ဟူ​မူ​ကား၊ ကျွန်​မ​နှင့်​သူ၏​သား​ကို နှင်​ထုတ်​လော့။ ကျွန်​မ၏​သား​သည် ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု​လာ​သ​တည်း။- ယ​ခု​တွင် ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ကျွန်​မ၏ သား​မ​ဟုတ်၊ ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား ဖြစ်​ကြ၏။