ပညတ်တရားအောက်၌ နေချင်သောသူတို့၊ သင်တို့သည် ပညတ်တရားကို နားမလည်ကြသလော။- ပညတ္တိကျမ်းစာ၌ လာသည်ကား၊ အာဗြဟံ၌ သားနှစ်ယောက်ရှိ၏။ သားတစ်ယောက်ကား၊ ကျွန်မ၏သားဖြစ်၏။ တစ်ယောက်ကား ကျွန်မမဟုတ်သော မိန်းမ၏သားဖြစ်၏ဟု လာသတည်း။- ကျွန်မ၏သားသည် ဇာတိပကတိအားဖြင့် ဖွားသောသားဖြစ်၏။ ကျွန်မဟုတ်သော မိန်းမ၏သားသည် ကတိတော်အားဖြင့် ဖွားသောသားဖြစ်၏။- ထိုအကြောင်းအရာကို ပုံပမာအားဖြင့်ဆိုသော်၊ ထိုမိန်းမနှစ်ယောက်ကား၊ ပဋိညာဉ်တရားနှစ်ပါးကို ဆိုလိုသတည်း။ ဟာဂရအမည်ရှိသော မိန်းမတည်းဟူသော ပဋိညာဉ်တရားတစ်ပါးသည် သိနာတောင်ပေါ်မှာ စီရင်၍၊ ကျွန်များကို ဖွားတတ်သောတရားဖြစ်၏။- အကြောင်းမူကား၊ ဟာဂရသည် အာရပ်ပြည်၌ရှိသော သိနာတောင်ဖြစ်၏။ ယခုရှိသော ယေရုရှလင်မြို့နှင့် တူ၏၊ မိမိသားများနှင့်တကွ ကျွန်ခံရ၏။- အပေါ်မှာရှိသော ယေရုရှလင်မြို့မူကား၊ ခပ်သိမ်းသော ငါတို့၏ အမိတည်းဟူသော ကျွန်မ မဟုတ်သော မိန်းမဖြစ်သတည်း။- ကျမ်းစာလာသည်ကား၊ သားမဖွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဖွားခြင်းဝေဒနာကို မခံသေးသောမိန်းမ၊ ကြွေးကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသောမိန်းမသည် လင်ရှိသော မိန်းမထက် သာ၍များသော သားတို့ကို ဖွားမြင်ပြီဟု လာသတည်း။- ညီအစ်ကိုတို့၊ ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့်စပ်ဆိုင်သော သားဖြစ်ကြ၏။- ထိုအခါ ဇာတိပကတိအားဖြင့် ဖွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဖွားသောသားကို ညှဥ်းဆဲသကဲ့သို့၊ ထိုနည်းတူ ယခုပင်ဖြစ်၏။- သို့သော်လည်း အဘယ်သို့ ကျမ်းစာလာသနည်း ဟူမူကား၊ ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏သားသည် ကျွန်မ မဟုတ်သော မိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း။- ယခုတွင် ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏ သားမဟုတ်၊ ကျွန်မ မဟုတ်သော မိန်းမ၏သား ဖြစ်ကြ၏။
ဂလာတိ 4 ကိုဖတ်ပါ။
နားထောင်ပါ။ ဂလာတိ 4
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဂလာတိ 4:21-31
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ