YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 4:21-31

ဂလာတိ 4:21-31 JBMLE

ပ​ညတ်​တ​ရား​အောက်၌ နေ​ချင်​သော​သူ​တို့၊ သင်​တို့​သည် ပ​ညတ်​တ​ရား​ကို နား​မ​လည်​ကြ​သ​လော။- ပ​ည​တ္တိ​ကျမ်း​စာ၌ လာ​သည်​ကား၊ အာ​ဗြ​ဟံ၌ သား​နှစ်​ယောက်​ရှိ၏။ သား​တစ်​ယောက်​ကား၊ ကျွန်​မ၏​သား​ဖြစ်၏။ တစ်​ယောက်​ကား ကျွန်​မ​မ​ဟုတ်​သော မိန်း​မ၏​သား​ဖြစ်၏​ဟု လာ​သ​တည်း။- ကျွန်​မ၏​သား​သည် ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။ ကျွန်​မ​ဟုတ်​သော မိန်း​မ၏​သား​သည် က​တိ​တော်​အား​ဖြင့် ဖွား​သော​သား​ဖြစ်၏။- ထို​အ​ကြောင်း​အ​ရာ​ကို ပုံ​ပ​မာ​အား​ဖြင့်​ဆို​သော်၊ ထို​မိန်း​မ​နှစ်​ယောက်​ကား၊ ပ​ဋိ​ညာဉ်​တ​ရား​နှစ်​ပါး​ကို ဆို​လို​သ​တည်း။ ဟာ​ဂ​ရ​အ​မည်​ရှိ​သော မိန်း​မ​တည်း​ဟူ​သော ပ​ဋိ​ညာဉ်​တ​ရား​တစ်​ပါး​သည် သိ​နာ​တောင်​ပေါ်​မှာ စီ​ရင်၍၊ ကျွန်​များ​ကို ဖွား​တတ်​သော​တ​ရား​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ဟာ​ဂ​ရ​သည် အာ​ရပ်​ပြည်၌​ရှိ​သော သိ​နာ​တောင်​ဖြစ်၏။ ယ​ခု​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​နှင့် တူ၏၊ မိ​မိ​သား​များ​နှင့်​တ​ကွ ကျွန်​ခံ​ရ၏။- အ​ပေါ်​မှာ​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​မူ​ကား၊ ခပ်​သိမ်း​သော ငါ​တို့၏ အ​မိ​တည်း​ဟူ​သော ကျွန်​မ မ​ဟုတ်​သော မိန်း​မ​ဖြစ်​သ​တည်း။- ကျမ်း​စာ​လာ​သည်​ကား၊ သား​မ​ဖွား​သော အ​မြုံ​မ၊ ဝမ်း​မြောက်​လော့။ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို မ​ခံ​သေး​သော​မိန်း​မ၊ ကြွေး​ကြော်​အော်​ဟစ်​လော့။ အ​ကြောင်း​မူ​ကား၊ စွန့်​ထား​သော​မိန်း​မ​သည် လင်​ရှိ​သော မိန်း​မ​ထက် သာ၍​များ​သော သား​တို့​ကို ဖွား​မြင်​ပြီ​ဟု လာ​သ​တည်း။- ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ဣ​ဇာက်​ကဲ့​သို့ က​တိ​တော်​နှင့်​စပ်​ဆိုင်​သော သား​ဖြစ်​ကြ၏။- ထို​အ​ခါ ဇာ​တိ​ပ​က​တိ​အား​ဖြင့် ဖွား​သော​သား​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ဖွား​သော​သား​ကို ညှ​ဥ်း​ဆဲ​သ​ကဲ့​သို့၊ ထို​နည်း​တူ ယ​ခု​ပင်​ဖြစ်၏။- သို့​သော်​လည်း အ​ဘယ်​သို့ ကျမ်း​စာ​လာ​သ​နည်း ဟူ​မူ​ကား၊ ကျွန်​မ​နှင့်​သူ၏​သား​ကို နှင်​ထုတ်​လော့။ ကျွန်​မ၏​သား​သည် ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား​နှင့်​အ​တူ အ​မွေ​မ​ခံ​ရ​ဟု​လာ​သ​တည်း။- ယ​ခု​တွင် ညီ​အစ်​ကို​တို့၊ ငါ​တို့​သည် ကျွန်​မ၏ သား​မ​ဟုတ်၊ ကျွန်​မ မ​ဟုတ်​သော မိန်း​မ၏​သား ဖြစ်​ကြ၏။