YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 3:1-14

ဂလာတိ 3:1-14 JBMLE

ပ​ညာ​မဲ့​သော ဂ​လာ​တိ​လူ​တို့၊ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို သင်​တို့ မျက်​မှောက်၌ ထင်​ရှား​စွာ​ပြ​ပြီး​သည်​ဖြစ်၍၊ သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​စေ​ခြင်း​ငှာ သင်​တို့​ကို အ​ဘယ်​သူ​ပြု​စား​သ​နည်း။- ပ​ညတ်​တ​ရား၏​အ​ကျင့်​အား​ဖြင့် ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ​သ​လော။ သို့​မ​ဟုတ် ယုံ​ကြည်​ခြင်း​တ​ရား​ကို ကြား​နာ​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​သ​လော​ဟူ​သော အ​ရာ​တစ်​ခု​ကို​သာ သင်​တို့၌​ငါ​သိ​လို၏။- ဤ​မျှ​လောက် ပ​ညာ​မဲ့​ကြ​သ​လော။ ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု၍ လုပ်​စ​ရှိ​ပြီး​မှ၊ ဇာ​တိ​ကို​အ​မှီ​ပြု၍ ပြီး​စေ​ကြ​သ​လော။- ဤ​မျှ​လောက်​သော​ဆင်း​ရဲ​ခြင်း​ကို အ​ချည်း​နှီး​ခံ​ကြ​ပြီ​လော။ အ​ချည်း​နှီး သက်​သက် ဖြစ်​ရ​မည်​လော။- ထို​မှ​တစ်​ပါး ဝိ​ညာဉ်​တော်​ကို သင်​တို့​အား ပေး၍၊ သင်​တို့၌ တန်​ခိုး​များ​ကို​ပြ​သော​သူ​သည် ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ပြ​သ​လော။ ယုံ​ကြည်​ခြင်း​တ​ရား​ကို နာ​ခြင်း​အား​ဖြင့် ပြ​သ​လော။- ထို​နည်း​တူ အာ​ဗြ​ဟံ​သည် ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။- ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​သည် အာ​ဗြ​ဟံ၏​သား ဖြစ်​သည်​ဟု အ​မှန်​သိ​မှတ်​ကြ​လော့။- ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​ခြင်း​ကို​ထောက်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို ဖြောင့်​မတ်​ရာ၌ တည်​စေ​တော်​မူ​မည်​ဟု ကျမ်း​စာ​သည်​မြော်​မြင်​လျက်၊ အာ​ဗြ​ဟံ​အား အ​မိန့်​ရှိ၍၊ သင့်​အား​ဖြင့် လူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်​ဟု ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​နှင့်​လေ၏။- သို့​ဖြစ်၍ ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တို့​သည် ယုံ​ကြည်​သော အာ​ဗြ​ဟံ​နှင့်​အ​တူ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။- ပ​ညတ်​တ​ရား၏​အ​ကျင့်​ကို အ​မှီ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် အ​ကျိန်​နှင့် စပ်​ဆိုင်​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပ​ည​တ္တိ​ကျမ်း​စာ၌​ပါ​သ​မျှ​သော စ​ကား​တို့​ကို အ​မြဲ​မ​ကျင့်​သော​သူ​တိုင်း ကျိန်​တော်​မူ​ခြင်း​ကို ခံ​စေ​သ​တည်း​ဟု ကျမ်း​စာ​လာ၏။- တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်။- ပ​ညတ်​တ​ရား​မူ​ကား၊ ယုံ​ကြည်​ခြင်း​နှင့် မ​စပ်​ဆိုင်။ ထို​အ​ကျင့်​ကို ကျင့်​သော​သူ​သည်၊ ထို​အ​ကျင့်​အား​ဖြင့် အ​သက်​ရှင်​လိမ့်​မည်​ဟု ဆို​သ​တည်း။- ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။- အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​ခံ​ရ​သော ကောင်း​ချီး​မင်္ဂ​လာ​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​သည်​ဖြစ်၍၊ ငါ​တို့​သည် က​တိ​တော်​နှင့် ယှဉ်​သော ဝိ​ညာဉ်​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် ခံ​ရ​ကြ​မည်​အ​ကြောင်း​တည်း။