YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:18-21

ဂလာတိ 2:18-21 JBMLE

ထို​သို့​မ​ဖြစ်​နိုင်​ရာ။ အ​ထက်​က ငါ​ဖြို​ဖျက်​သော အ​ရာ​ကို နောက်​တစ်​ဖန် ငါ​တည်​ဆောက်​ပြန်​လျှင်၊ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို ကိုယ်ထင်​ရှား​စွာ​ပြ၏။- ထို​မှ​တစ်​ပါး၊ ငါ​သည် ဘု​ရား​သ​ခင်​နှင့် ဆိုင်​သော​အ​ရာ၌ အ​သက်​ရှင်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​နှင့် ဆိုင်​သော​အ​ရာ၌ ပ​ညတ်​တ​ရား​အား​ဖြင့် သေ​လျက်​နေ၏။- ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။- ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။