YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:11-13

ဂလာတိ 2:11-13 JBMLE

ထို​နောက်​ပေ​တ​ရု​သည် အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော​အ​ခါ၊ သူ၌​အ​ပြစ်​တင်​စ​ရာ အ​ခွင့်​ရှိ​သော​ကြောင့် သူ့​ကိုယ်​တိုင်​ကို ငါ​ငြင်း၍​ဆီး​တား​ရ၏။- အ​ကြောင်း​မူ​ကား၊ လူ​အ​ချို့​သည် ယာ​ကုပ်​ထံ​မှ မ​ရောက်​မ​လာ​မီ၊ ပေ​တ​ရု​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့် အ​တူ​စား၏။ သူ​တို့​ရောက်​လာ​သော​နောက်၊ ပေ​တ​ရု​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တို့၏​မျက်​နှာ​ကို ထောက်၍ တစ်​ပါး​အ​မျိုး​သား​တို့​နှင့် မ​ပေါင်း​ဝံ့။ တစ်​ယောက်​တ​ခြား​စီ နေ၏။- ကြွင်း​သော​ယု​ဒ​လူ​တို့​သည် ပေ​တ​ရု​နှင့်​အ​တူ လျှို့​ဝှက်၍၊ သူ​တို့ လျှို့​ဝှက်​ခြင်း​အား​ဖြင့် ဗာ​န​ဗ​သည်​လည်း သူ​တို့​ဘက်​သို့​ပါ​သွား၏။