YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဂလာတိ 2:1-10

ဂလာတိ 2:1-10 JBMLE

ထို​နောက် တစ်​ဆယ်​လေး​နှစ်​လွန်​ပြီး​မှ၊ ငါ​သည် တိ​တု​ကို​ခေါ်၍ ဗာ​န​ဗ​နှင့်​အ​တူ ယေ​ရု​ရှင်​မြို့​သို့ တစ်​ဖန် သွား​လေ၏။- ဗျာ​ဒိတ်​တော်​အ​တိုင်း​ပင် သွား​သည်​ဖြစ်၍၊ တစ်​ပါး​အ​မျိုး​တို့၌ ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ထို​အ​ခါ ငါ​ကြား​ပြော​လေ၏။ ထို​သို့​ဆို​သော် ငါ​ဆောင်​ရွက် ခဲ့​ပြီး​သော​အ​မှု​နှင့် နောက်၌ ဆောင်​ရွက် လ​တ္တံ့​သော​အ​မှု​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​ခြင်း​ငှာ၊ အ​သ​ရေ ထင်​ရှား​သော သူ​တို့​အား​သာ တိတ်​ဆိတ်​စွာ​ကြား​ပြော၏။- သို့​သော်​လည်း ငါ​နှင့်​အ​တူ​ပါ​သော ဟေ​လ​သ​အ​မျိုး​တိ​တု​ကို အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​စေ​ကြ။- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ခံ​စား​သော လွှတ်​ခြင်း​အ​ခွင့်​ကို ချောင်း​ကြည့်၍ ငါ​တို့​ကို ကျွန်​ခံ​စေ​မည် အ​ကြံ​နှင့်၊ ပ​ရိ​ယာယ်​အား​ဖြင့် သူ​တစ်​ပါး​သွင်း၍ ငါ​တို့​အ​ထဲ​သို့​ဝင်​သော ညီ​အစ်​ကို၏​အ​ယောင်​ကို ဆောင်​သော သူ​တို့​အ​ကြောင်း​ကြောင့် ထို​သို့​ပြု​ကြ၏။- မှန်​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် သင်​တို့၌ တည်​နေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ထို​သူ​တို့​စီ​ရင်​ခြင်း​ကို ခ​ဏ​မျှ ဝန်​မ​ခံ​ကြ။- အ​သ​ရေ​ထင်​ရှား​သော​သူ​တို့​သည် အ​ထက်​က အ​ဘယ်​သို့​သော​သူ ဖြစ်​ကြ​သည်​ကို​ငါ​မ​ဆိုင်။ ဘု​ရား​သ​ခင်​သည် လူ​မျက်​နှာ​ကို မှတ်​တော်​မ​မူ။ ထို​သူ​တို့နှင့် ငါ​သည် ပေါင်း​ဖော်၍ ထူး​ခြား​သော​အ​ရာ​ကို မ​ခံ​ရ​သည်​သာ​မ​က၊- အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တို့​တွင် ပေ​တ​ရု​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ၊ ပေ​တ​ရု၌ ပြု​ပြင်​တော်​မူ​သော​သူ​သည်၊ တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ့​ကို တ​မန်​တော်​ဖြစ်​စေ​ခြင်း​ငှာ ငါ၌​လည်း ပြု​ပြင်​တော်​မူ​သည်​ဖြစ်၍၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ပေ​တ​ရု၌ အပ်​တော်​မူ​သည်​နည်း​တူ၊ အ​ရေ​ဖျား​လှီး​ခြင်း​နှင့် မ​စပ်​ဆိုင်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ၌ အပ်​တော်​မူ​ကြောင်း​ကို သူ​တို့​သည် သိ​မြင်​ကြ၏။- အ​မှီ​တံ​ကဲ​ဖြစ်​သော​ယာ​ကုပ်၊ ကေ​ဖ၊ ယော​ဟန် တို့​သည်​လည်း၊ ငါ​ရ​သော​ကျေး​ဇူး​တော်​ကို သိ​ကြ​သော​အ​ခါ၊ မိ​မိ​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို​ခံ​သော သူ​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း​နှင့်၊ ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း၊ လက်​ယာ​လက်​ခံ​ခြင်း​ကို ဗာ​န​ဗ​နှင့် ငါ့​အား ပေး​ကြ၏။- ငါ​တို့​သည် ဆင်း​ရဲ​သော​သူ​များ​ကို အောက်​မေ့​စေ​ခြင်း​ငှာ သူ​တို့​အ​လို​တစ်​ခု​တည်း ရှိ၏။ ထို​အ​မှု​ကို ငါ​သည် အ​လို​အ​လျောက် ကြိုး​စား​အား​ထုတ်​လေ့​ရှိ၏။