ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီး အာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ ဩဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာ ဖြစ်သောသူဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။ အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင်၊ အချို့သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည်လည်း၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။ ရှင်ဘုရင်နန်းစံ ခုနစ်နှစ်၊ ပဥ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။ ပထမလ တစ်ရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဥ္စမလ တစ်ရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။ အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။
ဧဇရ 7 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဧဇရ 7:1-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ