YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 30

30
အဲ​ဂု​တ္တု​အ​တွက်​မြည်​တမ်း​ခြင်း
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 2အ​ချင်း​လူ​သား၊ သင်​သည်​ပ​ရော​ဖက်​ပြု​လျက်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ ရောက်​ရ​သော​နေ့​သည် အ​မင်္ဂ​လာ​ရှိ​သည်​ဟု အော်​ဟစ်​ကြ​လော့။ 3ထို​နေ့​နီး​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​နေ့၊ မိုး​အုံ့​သော​နေ့၊ တစ်​ပါး​အ​မျိုး​သား​ဖို့ ချိန်း​ချက်​သော​အ​ချိန်​နီး​ပြီ။ 4ဓား​ဘေး​သည် အဲ​ဂု​တ္တု​ပြည်​သို့ ရောက်​သ​ဖြင့်၊ သူ​ရဲ​တို့​သည် လဲ၍​သေ​ကြ​သော​အ​ခါ၊ အဲ​သ​ယော​ပိ​ပြည် သည် ပူ​ပန်​လိမ့်​မည်။ အ​လုံး​အ​ရင်း​ကို​ပယ်​ရှား၍ မူ​လ​အ​မြစ်​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ 5အဲ​သ​ယော​ပိ​ပြည် သား၊ ဖု​တ​ပြည်​သား၊ လု​ဒ​ပြည်​သား၊ အ​မျိုး​မ​စစ်​သော​လူ​ရှိ​သ​မျှ၊ ခု​ဘ​အ​မျိုး​သား၊ မိတ်​သ​ဟာ​ယ​ဖွဲ့​သော ပြည်​သား​တို့​သည်၊ အဲ​ဂု​တ္တု​ပြည်​သား​တို့​နှင့်​တ​ကွ ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်။ 6အဲ​ဂု​တ္တု​ပြည်​ကို ထောက်​မ​သော​သူ​တို့​သည် လဲ၍​သေ​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တု​အ​စွမ်း​သ​တ္တိ၏ ဂုဏ်​အ​သ​ရေ​သည် ဆုံး​လိမ့်​မည်။ မိ​ဂ​ဒေါ​လ​မြို့​မှ​စ၍ သု​ဏေ​မြို့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်​သား​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 7ပျက်​စီး​သော​ပြည်​တို့​တွင် ပျက်​စီး​လျက်​ရှိ​ကြ၍၊ လူ​ဆိတ်​ညံ​သော​မြို့​တို့​တွင် အဲ​ဂု​တ္တု​မြို့​တို့​သည် ပါ​ဝင်​ကြ​လိမ့်​မည်။ 8ငါ​သည် အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ ထို​ပြည်​ကို မ​စ​သ​မျှ​သော သူ​တို့​သည်​ပျက်​စီး​ကြ​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်။ 9ထို​အ​ခါ စိုး​ရိမ်​ခြင်း​မ​ရှိ​သော အဲ​သ​ယော​ပိ​ပြည် သား​တို့​ကို ကြောက်​စေ​ခြင်း​ငှာ၊ ငါ​စေ​လွှတ်​သော​တ​မန်​တို့​သည် သင်္ဘော​စီး၍ သွား​ကြ​သ​ဖြင့်၊ အဲ​ဂု​တ္တ​ပြည်၏​အ​ချိန်၌ သူ​တို့​သည်​လည်း အ​လွန်​ဆင်​ရဲ​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ထို​အ​ချိန်​လည်း​နီး​ပြီ​ဟု မိန့်​တော်​မူ၏။
10အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်၏ အ​လုံး​အ​ရင်း​ကို ငါ​ဖြတ်​မည်။ 11ထို​ရှင်​ဘု​ရင်​နှင့်​တ​ကွ သူ၏​လူ​များ၊ ကြောက်​မက်​ဖွယ်​သော​လူ​မျိုး​များ​တို့​သည် အဲ​ဂု​တ္တု​ပြည်​ကို ဖျက်​ဆီး​ခြင်း​ငှာ​လာ၍၊ ဓား​ကိုင်​လျက် တစ်​ပြည်​လုံး​ကို သူ​ရဲ​တို့​နှင့် ပြည့်​စေ​ကြ​လိမ့်​မည်။ 12မြစ်​တို့​ကို ငါ​ခန်း​ခြောက်​စေ၍၊ အ​ဓ​မ္မ​လူ​တို့​အား ပြည်​ကို​ရောင်း​လိုက်​မည်။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​လက်​ဖြင့် ပြည်​နှင့်​တ​ကွ ပြည်၌​ပါ​သ​မျှ​ကို ငါ​ဖျက်​ဆီး​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။ 13အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရုပ်​တု​တို့​ကို ငါ​ဖျက်​ဆီး၍၊ နော​ဖ​ပြည်၌ ဆင်း​တု​တို့​ကို​လည်း ပယ်​ဖြတ်​မည်။ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​မင်း​မျိုး မ​ရှိ​ရ။ အဲ​ဂု​တ္တု​ပြည်​သည် ကြောက်​ရွံ့​မည်​အ​ကြောင်း​ကို ငါ​ပြု​မည်။ 14ပါ​သ​ရု​ပြည်​ကို ငါ​ဖျက်​မည်။ ဇော​န​မြို့​ကို​လည်း မီး​ရှို့​မည်။ နော​မြို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​မည်။ 15အဲ​ဂု​တ္တု​ပြည်၏ အ​စွမ်း​သ​တ္တိ​ဖြစ်​သော သိန်​မြို့​အ​ပေါ်​သို့ ငါ​သည် အ​မျက်​ကို​သွန်း​လောင်း၍၊ နော​မြို့​သား အ​လုံး​အ​ရင်း​ကို ပယ်​ဖြတ်​မည်။ 16အဲ​ဂု​တ္တု​ပြည်၌ မီး​ညှိ၍ သိန်​မြို့​သည် တုန်​လှုပ်​ခြင်း၊ နော​မြို့​ရိုး​သည် ပြို​ပေါက်​ခြင်း၊ နော​ဖ​မြို့​သည် နေ့​အ​ချိန်၌​ပင် စစ်​တိုက်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ 17အာ​ဝင်​မြို့၊ ဖိ​ဗေ​သက်​မြို့​သား လု​လင်​တို့​သည် ဓား​ဖြင့်​လဲ၍ သေ​ကြ​သ​ဖြင့်၊ မိန်း​မ​တို့​သည် သိမ်း​သွား​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ 18တာ​ပ​နက်​မြို့၌ အဲ​ဂု​တ္တု​လှံ​တံ​တို့​ကို ငါ​ချိုး၍၊ သူ့​အ​စွမ်း​သ​တ္တိ၏​ဂုဏ်​အ​သ​ရေ​ဆုံး​သော​အ​ခါ နေ့​အ​ချိန်၌ အ​လင်း​ကွယ်​လိမ့်​မည်။ မိုး​အုံ့၍ မြို့​သ​မီး​တို့​သည် သိမ်း​သွား​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ 19ထို​သို့ အဲ​ဂု​တ္တု​ပြည်၌ ငါ​သည်​အ​ပြစ်​ဒဏ်​စီ​ရင်၍၊ ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။
ဖာ​ရော​မင်း​ကို​ချိုး​နှိမ်​ခြင်း
20သ​က္က​ရာဇ် တစ်​ဆယ်​တစ်​ခု၊ ပ​ထ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့​ရောက်​လာ၍၊ 21အ​ချင်း​လူ​သား၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း၏ လက်​ရုံး​ကို ငါ​ချိုး​ပြီး။ ဆေး​ကု၍ မ​ထုပ်​ရ။ ဓား​ကိုင်​စေ​ဖို့ ပ​က​တိ​ခွန်​အား​ရှိ​စေ​ခြင်း​ငှာ အ​ဝတ်​နှင့် မ​စည်း​ရ။ 22ဤ​အ​မှု၌ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​တစ်​ဖက်၌​နေ​သ​ဖြင့်၊ သူ၏​လက်​ရုံး​တည်း​ဟူ​သော၊ ခိုင်​မာ​သော​လက်​ရုံး​နှင့် အ​ရင်​ချိုး​သော​လက်​ရုံး​ကို ငါ​ချိုး၍ ဓား​ကို သူ့​လက်​မှ​ကျ​စေ​မည်။ 23အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့​တွင် ကွဲ​ပြား​ပြန့်​လွင့်​စေ​မည်။ 24ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ငါ​ခိုင်​မာ​စေ၍၊ ငါ့​ဓား​ကို သူ့​လက်၌ အပ်​မည်။ ဖာ​ရော​မင်း၏ လက်​ရုံး​တို့​ကို ငါ​ချိုး​သ​ဖြင့်၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော​သူ အော်​ဟစ်​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှေ့​မှာ အော်​ဟစ်​ရ​လိမ့်​မည်။ 25ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏​လက်​ရုံး​တို့​ကို ငါ​ခိုင်​မာ​စေ​မည်။ ဖာ​ရော​ဘု​ရင်၏​လက်​မူ​ကား၊ အောက်​သို့​ကျ​လိမ့်​မည်။ ငါ့​ဓား​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​လက်၌ ငါ​အပ်၍၊ သူ​သည် အဲ​ဂု​တ္တ​ပြည်​ကို ထို​ဓား​နှင့်​ခုတ်​သော​အ​ခါ၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့ သိ​ရ​ကြ​လိမ့်​မည်။ 26ထို​သို့ အဲ​ဂု​တ္တု​လူ​တို့​ကို အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ ငါ​ကွဲ​ပြား​ပျံ့​လွင့်​စေ​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 30: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ