YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 19

19
ငို​ကြွေး​မြည်​တမ်း​ခြင်း
1ထို​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက် ငို​ကြွေး​မြည်​တမ်း​လျက်​ပြော​ရ​မည်​မှာ၊ 2သင်၏​အ​မိ​ကား အ​ဘယ်​သူ​နည်း။ ခြင်္သေ့​မ ဖြစ်၏။ ခြင်္သေ့​တို့​တွင် အိပ်​လျက်​နေ၍၊ ခြင်္သေ့​ပျို​တို့​တွင် မိ​မိ​သား​တို့​ကို ကျွေး​မွေး၏။ 3ကျွေး​မွေး​သော သား​တစ်​ကောင်​သည် ခြင်္သေ့​ပျို​ဖြစ်၍၊ တော​တိ​ရ​စ္ဆာန်​တို့​ကို ဖမ်း​ဆီး​ခြင်း​ငှာ၊ သင်၏ လူ​တို့​ကို​လည်း ကိုက်​စား​တတ်၏။ 4လူ​မျိုး​တို့​သည် ကြား၍ မြေ​တွင်း၌ ထို​ခြင်္သေ့​ပျို​ကို ဖမ်း​ပြီး​လျှင်၊ သံ​ကြိုး​နှင့်​ချည်​နှောင်၍ အဲ​ဂု​တ္တု​ပြည်​သို့ ယူ​သွား​ကြ၏။ 5သား​ဆုံး​ရှုံး​ကြောင်း​ကို အ​မိ​သည်​မြင်၍ စိတ်​ပျက်​သော​အ​ခါ၊ သား​တစ်​ကောင်​ကို ယူ​ပြန်၍ ခြင်္သေ့​ပျို​ဖြစ်​စေ​ခြင်း​ငှာ ပြု​သ​ဖြင့်၊ 6သူ​သည်​လည်း၊ ခြင်္သေ့​တို့​နှင့်​ပေါင်း​ဖော်၍ ခြင်္သေ့​ပျို​ဖြစ်​လျက်၊ တော​တိ​ရ​စ္ဆာန်​တို့​ကို ဖမ်း​ဆီး​ခြင်း​ငှာ၊ သင်၏​လူ​တို့​ကို​လည်း ကိုက်​စား၏။ 7သူ​တို့​မု​ဆိုး​များ​ကို သိ၍၊ သူ​တို့​မြို့​များ​ကို သုတ်​သင်​ပယ်​ရှင်း​လေ၏။ ဟောက်​သော​အ​သံ​ကြောင့် ပြည်​နှင့် ပြည်၌ ရှိ​သ​မျှ​တို့​သည် ဆိတ်​ညံ​လျက်​ရှိ​ကြ၏။ 8ထို​အ​ခါ လူ​မျိုး​တို့​သည် ကျေး​လက်​အ​ရပ်​ရပ်​တို့​က တိုက်​လာ၍ ပိုက်​ကွန်​နှင့်​ဝိုင်း​ပြီး​လျှင်၊ မြေ​တွင်း၌ ဖမ်း​ကြ၏။ 9သံ​ကြိုး​နှင့်​ချည်​နှောင်​လျက် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ထံ​သို့ ဆောင်​သွား၍၊ သူ၏​အ​သံ​သည် ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ နောက်​တစ်​ဖန် မ​မြည်​စေ​ခြင်း​ငှာ နှောင်​အိမ်၌​လှောင်​ထား​ကြ၏။
10သင်၏​အ​မိ​သည် သင်​နှင့်​တူ​လျက်၊ ရေ​နား​မှာ​စိုက်​သော စ​ပျစ်​နွယ်​ပင်​ကဲ့​သို့ ဖြစ်၏။ ရေ​များ​သော​ကြောင့် အ​ခက်​အ​လက်​နှင့် ပြည့်​စုံ၍၊ များ​စွာ​သော​အ​သီး​ကို သီး​တတ်၏။ 11မင်း​တို့​အ​သုံး​အ​ဆောင် ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​နှင့် ပြည့်​စုံ၏။ ထူ​ထပ်၍​များ​ပြား​သော အ​ခက်​အ​လက်​တို့​နှင့် အ​ရပ်​မြင့်၍ ထင်​ရှား​လေ၏။ 12သို့​ရာ​တွင်၊ ဒေါ​သ​အ​ရှိန်​အား​ဖြင့် နုတ်၍ မြေ​ပေါ်​မှာ လှဲ​ချ​လေ​ပြီ။ အ​ရှေ့​လေ​သည်​တိုက်၍ အ​သီး​ကို ပိန်​ခြောက်​စေ၏။ ခိုင်​ခံ့​သော​တံ​ဖျာ​တို့​သည်​ကျိုး၍ သွေ့​ခြောက်​သ​ဖြင့်၊ မီး​လောင်​ခြင်း​ကို ခံ​ရ​ကြ​ပြီ။ 13ယ​ခု​မူ​ကား ရေ​မ​ရှိ၊ သွေ့​ခြောက်​သော​လွင်​ပြင်​အ​ရပ်၌ စိုက်​လျက်​ရှိ၏။ 14အ​ခက်​အ​လက်​တံ​ဖျာ​တစ်​ခု​ထဲ​က မီး​ထွက်၍ အ​သီး​ကို ကျွမ်း​လောင်​ပြီး၊ အ​စိုး​ရ​သော ရာ​ဇ​လှံ​တံ​ဖို့ ခိုင်​ခံ့​သော​တံ​ဖျာ တစ်​စုံ​တစ်​ခု​မျှ မ​ကျန်​ကြွင်း။ ဤ​ရွေ့​ကား၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​အ​ကြောင်း​ဖြစ်၏။ ငို​ကြွေး​မြည်​တမ်း​စ​ရာ​အ​ကြောင်း​လည်း ဖြစ်​လိမ့်​မည်။

လက်ရှိရွေးချယ်ထားမှု

ယေဇကျေလ 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ