YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 6:2-13

ထွက်မြောက်ရာ 6:2-13 JBMLE

တစ်​ဖန်​ဘု​ရား​သ​ခင်​သည် မော​ရှေ​၌ ဗျာ​ဒိတ်​ထား​တော်​မူ​သည်​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား၊ အ​န​န္တ​တန်​ခိုး​ရှင်၊ ဘု​ရား​သ​ခင်​နာ​မ​နှင့် ထင်​ရှား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နာ​မ​အား​ဖြင့် သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ။ သူ​တို့​သည်​အ​ရပ်​ရပ်​လည်​၍၊ ဧည့်​သည်​နေ​ရာ​ပြည်၊ ခါ​နာန်​ပြည်​ကို သူ​တို့​အား ပေး​ခြင်း​ငှာ၊ သူ​တို့​နှင့်​ငါ​ပြု​သော​ပ​ဋိ​ညာဉ်​ကို ငါ​တည်​စေ​ပြီ။ အဲ​ဂု​တ္တု​လူ​တို့​သည်​အ​စေ​ကျွန်​ခံ​စေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ညည်း​တွား​မြည်​တမ်း​ခြင်း​အ​သံ​ကို ငါ​ကြား​ရ​ပြီ။ ငါ့​ပ​ဋိ​ညာဉ်​ကို​လည်း ငါ​အောက်​မေ့​၏။ ထို​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​သည်​လည်း သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်၍၊ သူ​တို့၏ ညှဉ်း​ဆဲ​ခြင်း​ထဲ​က နုတ်​ယူ​မည်။ လက်​ဆန့်​ခြင်း၊ ကြီး​စွာ​သော​ဒဏ်​ခတ်​ခြင်း​အား​ဖြင့် သင်​တို့​ကို​ငါ​ရွေး​မည်။ ငါ​၏​လူ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ၊ သင်​တို့​ကို​ငါ​သိမ်း​ယူ​မည်။ ငါ​သည်​လည်း သင်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​မည်။ ငါ​သည်​သင်​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​လွှတ်​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သင်​တို့​သိ​ကြ​လိမ့်​မည်။ ငါ​သည်​လည်း၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ပေး​မည်​ဟု ကျိန်​ဆို​သော​ပြည်​သို့​ငါ​ပို့​ဆောင်၍၊ အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​မည်။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု​မိန့်​တော်​မူ​၏။ ထို​သို့​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​သော်​လည်း၊ သူ​တို့​သည် အ​လွန်​စိတ်​ပင်​ပန်း​၍ ကြမ်း​တမ်း​စွာ​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော​ကြောင့်၊ မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​ထံ​သို့​ဝင်၍၊ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မိ​မိ​ပြည်​မှ​လွှတ်​ရ​မည်​အ​ကြောင်း ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ်​ပြော​သော​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​သည်​ဖြစ်​၍၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော​နှုတ်​နှင့် ပြော​တတ်​သော အ​ကျွန်ုပ်၏​စ​ကား​ကို ဖာ​ရော​မင်း​သည် အ​ဘယ်​သို့​နား​ထောင်​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ လျှောက်​ဆို​၏။ သို့​ရာ​တွင် မော​ရှေ​နှင့် အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ​သို့​လည်း​ကောင်း စေ​ခိုင်း​မှာ​ထား​တော်​မူ​၏။