YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 6:13-30

ထွက်မြောက်ရာ 6:13-30 JBMLE

သို့​ရာ​တွင် မော​ရှေ​နှင့် အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​ခေါ်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ​သို့​လည်း​ကောင်း စေ​ခိုင်း​မှာ​ထား​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​ဆွေ​အ​မျိုး သူ​ကြီး​တို့၏​အ​မည်​ဟူ​မူ​ကား၊ ဣ​သ​ရေ​လ​သား​ဦး ရု​ဗင်၏​သား​ကား၊ ဟာ​နုတ်၊ ဖာ​လု၊ ဟေ​ဇ​ရုံ၊ ကာ​မိ​တည်း။ ဤ​သူ​တို့​သည် ရု​ဗင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။ ရှိ​မောင်၏​သား​ကား၊ ယ​မွေ​လ၊ ယာ​မိန်၊ ဩ​ဟဒ်၊ ယာ​ခိန်၊ ဇော​ဟာ၊ ခါ​နာန်​အ​မျိုး​သ​မီး​မိန်း​မ၏​သား ရှော​လ​တည်း။ ဤ​သူ​တို့​သည် ရှိ​မောင်​အ​မျိုး​အ​နွယ်​ဖြစ်​၏။ လေ​ဝိ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​တည်း။ လေ​ဝိ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။ ဂေ​ရ​ရှုံ​သား​အ​ဆွေ​အ​မျိုး​အ​လိုက်​ဟူ​မူ​ကား၊ လိ​ဗ​နိ​နှင့် ရှိ​မိ​တည်း။ ကော​ဟတ်​သား​ကား၊ အာ​မ​ရံ၊ ဣ​ဇ​ဟာ၊ ဟေ​ဗြုန်၊ ဩ​ဇေ​လ​တည်း။ ကော​ဟတ်​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​သုံး​နှစ်​ရှိ​သ​တည်း။ မေ​ရာ​ရိ​သား​ကား၊ မ​ဟာ​လိ​နှင့်​မု​ရှိ​တည်း။ ဤ​သူ​တို့​သည် လေ​ဝိ​အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​ဖြစ်​သ​တည်း။ အာ​မ​ရံ​သည် မိ​မိ​အ​ရီး​ယော​ခေ​ဗက်​နှင့်​စုံ​ဖက်၍၊ သူ​သည် အာ​ရုန်​နှင့်​မော​ရှေ​ကို​လည်း​ကောင်း၊ သူ​တို့​အစ်​မ​မိ​ရိ​အံ​ကို​လည်း​ကောင်း ဖွား​လေ၏။ အာ​မ​ရံ​အ​သက်​သည် အ​နှစ်​တစ်​ရာ​သုံး​ဆယ်​ခု​နစ်​နှစ်​ရှိ​သ​တည်း။ ဣ​ဇ​ဟာ​သား​ကား၊ ကော​ရ၊ နေ​ဖက်၊ ဇိ​ခ​ရိ​တည်း။ ဩ​ဇေ​လ​သား​ကား၊ မိ​ရှေ​လ၊ ဧ​လ​ဇာ​ဖန်၊ သိ​သ​ရိ​တည်း။ အာ​ရုန်​သည် အ​မိ​န​ဒပ်​သ​မီး၊ နာ​ရှုန်​နှ​မ​ဧ​လိ​ရှ​ဘ​နှင့်​စုံ​ဖက်၍၊ သူ​သည် နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လ​ဇာ၊ ဣ​သ​မာ​တို့​ကို ဖွား​လေ​၏။ ကော​ရ​သား​ကား၊ အဿိ​ရ၊ ဧ​လ​ကာ​န၊ အ​ဗျာ​သပ်​တည်း။ ဤ​သူ​တို့​သည် ကော​ရ​အ​ဆွေ​အ​မျိုး​ဖြစ်​သ​တည်း။ အာ​ရုန်​သား​ဧ​လ​ဇာ​သည် ပု​တျေ​လ​သ​မီး​တစ်​ယောက်​နှင့်​စုံ​ဖက်၍၊ သူ​သည် ဖိ​န​ဟတ်​ကို​ဖွား​လေ၏။ ဤ​သူ​တို့​သည်​လေ​ဝိ​အ​မျိုး၊ အ​သီး​အ​သီး​တို့၏ အ​ဆွေ​အ​မျိုး​သူ​ကြီး​ဖြစ်​ကြ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​က ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ပါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​လော့​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို​ခံ​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခြင်း​ငှာ၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ဖာ​ရော​မင်း​ထံ၌ လျှောက်​ရ​သော​သူ​တို့​သည်၊ ထို​အာ​ရုန်​နှင့် မော​ရှေ​ဖြစ်​သ​တည်း။ အဲ​ဂု​တ္တု​ပြည်​မှာ​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား ဗျာ​ဒိတ်​ထား​တော်​မူ​သော​နေ့​ရက်၌​လည်း၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။ ငါ​မှာ​လိုက်​သ​မျှ​တို့​ကို၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​အား​ပြန်​ပြော​ရ​မည်​ဟု မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​နှုတ်​ရှိ​သည်​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​သည် အ​ကျွန်ုပ်​စ​ကား​ကို အ​ဘယ်​သို့ နား​ထောင်​ပါ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ​လျှောက်​ဆို၏။