တစ်ဖန် ထာဝရဘုရားသည်၊ မောရှေအားမိန့်တော်မူပြန်သည်ကား၊ နားထောင်လော့၊ ငါသည် ယုဒအမျိုးသားဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့်ခန့်ထား၏။ သူသည် ရွှေငွေကြေးဝါကို လုပ်သောအတတ်၊ ကျောက်ကိုသွေး၍ စီသောအတတ်၊ သစ်သားကို ထုလုပ်သောအတတ်နှင့် အမျိုးမျိုးသောအလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။ သူနှင့်အတူ ဒန်အမျိုးသားအဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အားမှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကိုငါသွင်းထားပြီ။ ထိုသူတို့သည် ပရိသတ်စည်းဝေးရာတဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာတင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကိုလည်းကောင်း၊ စားပွဲနှင့် စားပွဲတန်ဆာကိုလည်းကောင်း၊ စင်ကြယ်သောမီးခုံနှင့် မီးခုံတန်ဆာရှိသမျှကိုလည်းကောင်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊ မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့် အင်တုံခြေထောက်ကိုလည်းကောင်း၊ အမှုတော်ကိုထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကိုဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန်နှင့် သူ၏သားဝတ်ဖို့ သန့်ရှင်းသောအဝတ်ကိုလည်းကောင်း၊ လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌သုံးဖို့ နံ့သာပေါင်းမွှေးကိုလည်းကောင်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြမည်ဟု မိန့်တော်မူ၏။
ထွက်မြောက်ရာ 31 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 31:1-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ