YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 30:22-38

ထွက်မြောက်ရာ 30:22-38 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​ပြန်​သည်​ကား၊ သင်​သည်​မြတ်​သော​နံ့​သာ​မျိုး​ကို အ​ကျပ်​တော်​နှင့်​ချိန်​လျက်၊ စင်​ကြယ်​သော​မု​ရန်​စေး အ​ကျပ်​ငါး​ရာ၊ မွှေး​သော​သစ်​ကြံ​ပိုး နှစ်​ရာ​ငါး​ဆယ်၊ မွှေး​သော​ကြံ နှစ်​ရာ​ငါး​ဆယ်၊ သစ်​ကြံ​ပိုး တစ်​မျိုး​ငါး​ရာ၊ သံ​လွင်​ဆီ​တစ်​ဟိန်​ကို​ယူ​၍၊ ဆေး​သ​မား​အ​တတ်​နှင့် ဖ​ယောင်း​ဆီ​ကို​ဖော်​တတ်​သည်​အ​တိုင်း၊ လိမ်း​ရန်​ဆီ​တည်း​ဟူ​သော သန့်​ရှင်း​သော​နံ့​သာ​ဆီ​ကို​ဖော်​ပြီး​မှ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​နှင့် သက်​သေ​ခံ​ချက် သေ​တ္တာ​ကို​လည်း​ကောင်း၊ စား​ပွဲ​နှင့် စား​ပွဲ​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​ရှို့​သော​ပ​လ္လင်၊ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပ​လ္လင်​နှင့် ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အင်​တုံ​ခြေ​ထောက်​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ​နှင့်​လိမ်း​သ​ဖြင့်၊ ထို​အ​ရာ​တို့​ကို​အ​လွန်​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ထို​သို့​သန့်​ရှင်း​စေ​ရ​မည်။ ထို​အ​ရာ​တို့​နှင့်​တွေ့​သ​မျှ​သော​အ​ရာ​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။ အာ​ရုန်​နှင့် သူ​၏​သား​တို့​ကို​လိမ်း၍၊ သူ​တို့​သည် ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့၌ ဤ​ဆီ​သည်၊ ငါ့​အ​ဖို့​သန့်​ရှင်း​သော လိမ်း​ရန်​ဆီ​ဖြစ်​ရ​မည်။ လူ၏​ကိုယ်​ပေါ်​မှာ မ​လောင်း​ရ။ ထို​ဆီ​ကို​ဖော်​သည်​နည်း​တူ၊ အ​ခြား​သော​ဆီ​ကို မ​ဖော်​ရ။ သန့်​ရှင်း​သည်​ဖြစ်၍၊ သန့်​ရှင်း​သည်​ဟု သင်​တို့​သည်​မှတ်​ရ​မည်။ ထို​ဆီ​နှင့်​တူ​အောင်​ဖော်​သော​သူ၊ မ​ဆိုင်​သော​လူ၌ လိမ်း​သော​သူ​မည်​သည်​ကား၊ မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊ မွှေး​သော နံ့​သာ​မျိုး​တည်း​ဟူ​သော န​တပ်​စေး၊ မွှေး​သော​ငါး​ခွံ၊ ဂါ​လ​ဗန်​စေး၊ စင်​သော​လော​ဗန်​စေး​တို့​ကို အ​ညီ​အ​မျှ​ချိန်​ယူ၍၊ ဆေး​သ​မား​အ​တတ်​နှင့် နှာ​ဆေး​ကို ဖော်​တတ်​သည်​နည်း​တူ ရော​နှော၍၊ သန့်​ရှင်း​စင်​ကြယ်​သော နံ့​သာ​ပေါင်း​ကို​ဖော်​ရ​မည်။ အ​ချို့​ကို​လည်း ညက်​ညက်​ထောင်း​ပြီး​မှ၊ ငါ​သည် သင်​နှင့်​တွေ့​ရာ​အ​ရပ်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ သက်​သေ​ခံ​ချက်​ရှေ့​မှာ​ထား​ရ​မည်။ သင်​တို့​တွင် အ​လွန်​သန့်​ရှင်း​ရ​မည်။ ထို​သို့​သော​နံ့​သာ​ပေါင်း​ကို ဖော်​သည်​နည်း​တူ၊ အ​ခြား​သော​နံ့​သာ​ပေါင်း​ကို ကိုယ်​သုံး​ဖို့​မ​ဖော်​ရ။ သင်​တို့​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​မည်။ အ​ကြင်​သူ​သည် မိ​မိ​ရှူ​စ​ရာ​ဖို့ ထို​နံ့​သာ​ပေါင်း​နှင့် တူ​အောင်​ဖော်၏။ ထို​သူ​သည် မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။