YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 3:3-10

ထွက်မြောက်ရာ 3:3-10 JBMLE

အ​ဘယ်​ကြောင့် ချုံ​မ​ကျွမ်း​ဘဲ​ရှိ​သ​နည်း။ ဤ​ထူး​ဆန်း​သော​ရူ​ပါ​ရုံ​ကို ငါ​သွား၍ ကြည့်​ရှု​မည်​ဟု​ဆို၏။ မော​ရှေ​သွား၍ ကြည့်​ရှု​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​မြင်​တော်​မူ​လျှင်၊ မော​ရှေ၊ မော​ရှေ​ဟု ချုံ​ထဲ​က​ခေါ်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​ရှိ​ပါ၏​ဟု လျှောက်​လေ၏။ ဘု​ရား​သ​ခင်​က​လည်း၊ မ​ချဉ်း​နှင့်။ သင်၏​ခြေ​နင်း​ကို​ချွတ်​လော့။ သင်​နင်း​သော အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း၊ ငါ​သည်​သင့်​အ​ဘ၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်​သည်​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။ မော​ရှေ​သည် ဘု​ရား​သ​ခင်​ကို​မ​ကြည့်​ဝံ့၊ မိ​မိ​မျက်​နှာ​ကို ဖုံး​လျက်​နေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။ သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။ ထို​ကြောင့် ယ​ခု​သွား​လော့။ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​မည်​အ​ကြောင်း၊ သင့်​ကို​ဖာ​ရော​ဘု​ရင်​ထံ​သို့ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။