YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 3:16-18

ထွက်မြောက်ရာ 3:16-18 JBMLE

သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။ အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။ သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။