YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 3:13-15

ထွက်မြောက်ရာ 3:13-15 JBMLE

မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ သူ​တို့​က၊ ထို​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကား အ​ဘယ်​သို့​နည်း​ဟု အ​ကျွန်ုပ်​ကို​ပြန်၍​မေး​သော​အ​ခါ၊ အ​ဘယ်​သို့​ပြန်​ပြော​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​မေး​လျှောက်​လေ၏။ ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ့​ကို သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​မည်။ ထို​အ​မည်​သည် အ​စဉ်​ငါ့​အ​မည်​ဖြစ်၏။ လူ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ငါ့​ဘွဲ့​နာ​မ​ဖြစ်၏။