YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 3:10-22

ထွက်မြောက်ရာ 3:10-22 JBMLE

ထို​ကြောင့် ယ​ခု​သွား​လော့။ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​မည်​အ​ကြောင်း၊ သင့်​ကို​ဖာ​ရော​ဘု​ရင်​ထံ​သို့ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​ထံ​သို့ ဝင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​လျှောက်​လျှင်၊ ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ သူ​တို့​က၊ ထို​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကား အ​ဘယ်​သို့​နည်း​ဟု အ​ကျွန်ုပ်​ကို​ပြန်၍​မေး​သော​အ​ခါ၊ အ​ဘယ်​သို့​ပြန်​ပြော​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​မေး​လျှောက်​လေ၏။ ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား​သည်၊ ငါ့​ကို သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ရ​မည်။ ထို​အ​မည်​သည် အ​စဉ်​ငါ့​အ​မည်​ဖြစ်၏။ လူ​မျိုး​အ​စဉ်​အ​ဆက်​မ​ပြတ် ငါ့​ဘွဲ့​နာ​မ​ဖြစ်၏။ သွား၍ ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​တို့​ကို​စု​ဝေး​စေ​ပြီး​လျှင်၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ထင်​ရှား​တော်​မူ​လျက်၊ အ​ကယ်​စင်​စစ် သင်​တို့​ကို​ငါ​အ​ကြည့်​အ​ရှု​လာ၍၊ အဲ​ဂု​တ္တု​ပြည်၌ သင်​တို့​အား​ပြု​သော​အ​မှု​ကို ငါ​မြင်​ပြီ။ အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။ သူ​တို့​သည် သင်၏​စ​ကား​ကို​နား​ထောင်၍၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​များ​ပါ​လျက်၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ထံ​သို့​ဝင်​သ​ဖြင့်၊ ဟေ​ဗြဲ​လူ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့​နှင့်​တွေ့​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ တော​သို့ သုံး​ရက်​ခ​ရီး​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ​ဟု လျှောက်​ရ​မည်။ အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည်​ကြီး​စွာ​သော​တန်​ခိုး​ကို မ​တွေ့​မ​မြင်​လျှင်၊ သွား​ရ​သော​အ​ခွင့်​ကို သင်​တို့​အား​မ​ပေး​ကြောင်း​ကို ငါ​သိ၏။ ငါ​သည်​လည်း​လက်​ကို​ဆန့်၍၊ အဲ​ဂု​တ္တု​ပြည်​ထဲ၌ ငါ​ပြု​လ​တ္တံ့​သော ငါ၏​အံ့​ဖွယ်​သော​အ​မှု​ရှိ​သ​မျှ​တို့​နှင့် ထို​ပြည်​ကို​ဒဏ်​ခတ်​မည်။ ထို​နောက် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် သင်​တို့​ကို​လွှတ်​လိမ့်​မည်။ ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​လူ​တို့​ထံ၌ မျက်​နှာ​ရ​သော​အ​ခွင့်​ကို​ငါ​ပေး၍၊ သင်​တို့​သည် ထွက်​သွား​သော​အ​ခါ လက်​ချည်း​မ​သွား​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ မိန်း​မ​တိုင်း​မိ​မိ​အိမ်​နီး​ချင်း၊ မိ​မိ​အိမ်​မှာ​တည်း​သော​သူ၌ ငွေ​တန်​ဆာ၊ ရွှေ​တန်​ဆာ​နှင့် အ​ဝတ်​တန်​ဆာ​များ​ကို​တောင်း၍၊ သင်​တို့​သား​သ​မီး​များ​ကို တန်​ဆာ​ဆင်​စေ​သ​ဖြင့်၊ အဲ​ဂု​တ္တု​လူ​တို့၏​ဥ​စ္စာ​ကို​လု​ယူ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။