YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 29

29
ယဇ်​ပု​ရော​ဟိတ်​ကို​ဘိ​သိက်​ပေး​ခြင်း
(ဝတ်၊ ၈:၁-၃၆)
1သူ​တို့​သည် ငါ့​ရှေ့၌​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ သန့်​ရှင်း​စေ​ရ​မည်​နည်း​ဟူ​မူ​ကား၊ အ​ပြစ်​မ​ပါ​သော နွား​သ​ငယ်​အ​ထီး​နှင့် သိုး​နှစ်​ကောင်​တို့​ကို​လည်း​ကောင်း၊ 2တ​ဆေး​မ​ပါ​သော​ဂျုံ​မုန့်၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ပြား၊ တ​ဆေး​မ​ပါ​ဘဲ ဆီ​နှင့်​လုပ်​သော​ဂျုံ​မုန့်​ကြွပ်​တို့​ကို​လည်း​ကောင်း ယူ​ရ​မည်။ 3ထို​မုန့်​များ​ကို တောင်း​တစ်​လုံး​ထဲ၌​ထည့်​ပြီး​မှ၊ နွား​တစ်​ကောင်၊ သိုး​နှစ်​ကောင်​နှင့်​တ​ကွ ဆောင်​ခဲ့​ရ​မည်။ 4အာ​ရုန်​နှင့် သူ၏​သား​တို့​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တံ​ခါး​နား​သို့​ခေါ်​ခဲ့၍ ရေ​ချိုး​ရ​မည်။ 5အ​ဝတ်​တန်​ဆာ​များ​ကို​ယူ၍၊ အင်္ကျီ၊ ဝတ်​လုံ၊ သင်​တိုင်း၊ ရင်​ဖုံး​နှင့် အာ​ရုန်​ကို​ဝတ်​စေ၍၊ ထူး​ဆန်း​သော​သင်​တိုင်း​ရင်​စည်း​နှင့် စည်း​ရ​မည်။ 6သူ၏​ခေါင်း​ပေါ်​မှာ ဗောင်း​ကို​တင်၍၊ ဗောင်း၌​သန့်​ရှင်း​သော​သင်း​ကျစ်​ကို တပ်​ရ​မည်။ 7ထို​အ​ခါ လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ သူ၏​ခေါင်း​ပေါ်၌​လောင်း​သ​ဖြင့် သူ့​ကို​လိမ်း​ရ​မည်။ 8သူ၏​သား​တို့​ကို​လည်း ခေါ်​ခဲ့၍ အင်္ကျီ​ဝတ်​စေ​ရ​မည်။ 9ခါး​ပန်း​ကို​လည်း​စည်း၍၊ ဦး​ထုပ်​ကို​လည်း​ဆောင်း​စေ​ပြီး​လျှင်၊ သူ​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ဆိုင်​ရ​မည်။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။
10ထို​နောက်၊ နွား​ထီး​တစ်​ကောင်​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့​ဆောင်​ခဲ့၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို နွား​ခေါင်း​ပေါ်​မှာ တင်​ရ​ကြ​မည်။ 11ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​နွား​ကို​သတ်​ရ​မည်။ 12အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌ လက်​ညှိုး​နှင့်​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​ရ​မည်။ 13အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။ 14နွား၏​အ​သား၊ အ​ရေ၊ ချေး​နု​ကို​ကား၊ တပ်​ပြင်​မှာ​မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်၏။
15သိုး​ထီး​တစ်​ကောင်​ကို​လည်း​ယူ၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ရ​မည်။ 16ထို​သိုး​ကို​သတ်​ပြီး​လျှင် အ​သွေး​ကို​ယူ၍ ယဇ်​ပ​လ္လင်​အ​ပေါ်​နား​ပတ်​လည်၌ ဖျန်း​ရ​မည်။ 17သိုး​ကို​လည်း​အ​ပိုင်း​ပိုင်း​ဖြတ်၍ ဝမ်း​ထဲ၌​ရှိ​သော​အ​ရာ​နှင့် ခြေ​တို့​ကို ဆေး​ကြော​ပြီး​လျှင်၊ ခေါင်း​နှင့်​သား​တစ်​များ​ကို စု​ထား​၍၊ 18သိုး​တစ်​ကောင်​လုံး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ရှို့​သော​ယဇ်​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။
19အ​ခြား​သော​သိုး​ကို​လည်း​ယူ၍၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် မိ​မိ​တို့​လက်​ကို သိုး​ခေါင်း​ပေါ်​မှာ​တင်​ရ​မည်။#ဧ၊ ၅:၂။ ဖိ၊ ၄:၁၈။ 20ထို​သိုး​ကို​သတ်​ပြီး​လျင် အ​သွေး​ကို​ယူ၍ အာ​ရုန်၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ၏​သား​တို့၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ​တို့၏​လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်၍၊ ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​ရ​မည်။ 21ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​စ​ရာ​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍​သား​များ၊ အ​ဝတ်​များ​တို့​သည် သန့်​ရှင်း​ကြ​လိမ့်​မည်။ 22ထို​သိုး​သည် အ​ရာ၌​ခန့်​ထား​ရာ​သိုး​ဖြစ်​သော​ကြောင့်၊ ဆီ​ဥ၊ အ​မြီး၊ အ​အူ​ကို ဖုံး​သော​ဆီ​ဥ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ကို​ဖုံး​သော​ဆီ​ဥ၊ လက်​ယာ​ပ​ခုံး၊ 23ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ထား​သော တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​က မုန့်​တစ်​လုံး၊ ဆီ​နှင့်​လုပ်​သော​မုန့်​ပြား​တစ်​ပြား၊ မုန့်​ကြွပ်​တစ်​ချပ်​ကို​ယူ​၍၊ 24အာ​ရုန်​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ 25ထို​အ​ရာ​တို့​ကို သူ​တို့​လက်​မှ​ခံ​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မွှေး​ကြိုင်​သော​အ​နံ့​ဖြစ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်၌ မီး​ရှို့​ရာ​ယဇ်​အ​ပေါ်​မှာ ရှို့​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ပြု​သော ပူ​ဇော်​သ​ကာ​ဖြစ်​၏။ 26အာ​ရုန်၏​အ​ရာ၌​ခန့်​ထား​ရာ သိုး၏​ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ပြီး​မှ၊ သိုး၏​ရင်​ပတ်​သည် သင်၏​အ​ဖို့ ဖြစ်​ရ​မည်။ 27ထို​သို့ အာ​ရုန်​နှင့်​သား​တို့၏​အ​ရာ၌ ခန့်​ထား​သော​သိုး​ထဲ​က၊ ချီ​လွှဲ​သော ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​လွှဲ​သော​ရင်​ပတ်​ကို​လည်း​ကောင်း၊ ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ပြု၍၊ ချီ​မြှောက်​သော​ပ​ခုံး​ကို​လည်း​ကောင်း သန့်​ရှင်း​စေ​ပြီး​မှ၊ 28ထို​ရင်​ပတ်၊ ပ​ခုံး​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​လှူ​သော အာ​ရုန်၏​အ​ဖို့၊ သူ့​သား​တို့​၏​အ​ဖို့​ဖြစ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​မြှောက်၍၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​၏။
29အာ​ရုန်၏ သန့်​ရှင်း​သော​အ​ဝတ်​တန်​ဆာ​ကို၊ သူ​၏​သား​တို့​သည်​အ​မွေ​ခံ​သ​ဖြင့်၊ ဆီ​လိမ်း​ခြင်း​မင်္ဂ​လာ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​သော​အ​ခါ၊ 30အာ​ရုန်​ကိုယ်​စား ယဇ်​ပု​ရော​ဟိတ်​လုပ်​သော​သား​သည်၊ သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ခြင်း​ငှာ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့​ဝင်​သော​အ​ခါ ခု​နစ်​ရက်​ပတ်​လုံး​ဝတ်​ဆင်​ရ​မည်။
31အ​ရာ၌​ခန့်​ထား​ရာ သိုး၏​အ​သား​ကို​ယူ၍၊ သန့်​ရှင်း​ရာ​ဌာ​န၌​ပြုတ်​ပြီး​မှ၊ 32အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​လည်း​ကောင်း၊ တောင်း​ထဲ၌​ရှိ​သော မုန့်​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​တံ​ခါး​နား​မှာ စား​ရ​ကြ​မည်။ 33သူ​တို့​ကို​သန့်​ရှင်း​စေ၍၊ အ​ရာ၌​ခန့်​ထား​စေ​ခြင်း​ငှာ၊ အ​ပြစ်​ဖြေ​ရာ မင်္ဂ​လာ​ပြု​ခြင်း​နှင့် ဆိုင်​သော​အ​ရာ​တို့​ကို၊ သူ​တို့​သည် စား​ရ​ကြ​မည်။ ထို​အ​ရာ​တို့​သည် သန့်​ရှင်း​သော​ကြောင့်၊ မ​ဆိုင်​သော​သူ​မ​စား​ရ။ 34အ​ရာ၌​ခန့်​ထား​ရာ​နှင့်​ဆိုင်​သော အ​မဲ​သား​ဖြစ်​စေ၊ မုန့်​ဖြစ်​စေ၊ နံ​နက်​တိုင်​အောင် ကျန်​ကြွင်း​လျှင်၊ ထို​အ​ကြွင်း​ကို​မီး​ရှို့​ရ​မည်။ သန့်​ရှင်း​သော​ကြောင့်၊ အ​ဘယ်​သူ​မျှ မ​စား​ရ။ 35ထို​သို့​ငါ​ပ​ညတ်​သ​မျှ​အ​တိုင်း အာ​ရုန်​နှင့်​သူ၏​သား​တို့​အား​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ခြင်း​မင်္ဂ​လာ​ကို၊ ခု​နစ်​ရက်​ပတ်​လုံး​ဆောင်​ရ​မည်။ 36ထို​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ခြင်း​အ​လို​ငှာ၊ နေ့​တိုင်း နွား​ထီး​တစ်​ကောင်​ကို​ပူ​ဇော်၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​ရ​မည်။ ထို​သို့​ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​မှ၊ ပ​လ္လင်​ကို စင်​ကြယ်​စေ​ရ​မည်။ ထို​နောက် သန့်​ရှင်း​စေ​ခြင်း​ငှာ ဆီ​နှင့်​လိမ်း​ရ​မည်။ 37ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု၍ သန့်​ရှင်း​စေ​ပြီး​မှ၊ အ​လွန်​သန့်​ရှင်း​သော​ယဇ်​ပ​လ္လင်​ဖြစ်၍၊ ထို​ပ​လ္လင်​နှင့် တွေ့​သ​မျှ​သော​အ​ရာ​တို့​သည် သန့်​ရှင်း​သော​အ​ရာ​ဖြစ်​ရ​မည်။
ပူ​ဇော်​သ​ကာ​များ
(တော၊ ၂၈:၁-၈)
38ယဇ်​ပ​လ္လင်​ပေါ်​မှာ ပူ​ဇော်​ရ​သော​အ​ရာ​ဟူ​မူ​ကား၊ အ​ခါ​လည်​သော သိုး​သ​ငယ်​နှစ်​ကောင်​ကို​ယူ၍၊ 39နေ့​တိုင်း​အ​စဉ်​မ​ပြတ် နံ​နက်​ယံ၌​တစ်​ကောင်၊ ညဉ့်​ဦး​ယံ၌​တစ်​ကောင်​ကို ပူ​ဇော်​ရ​မည်။ 40သိုး​သ​ငယ်​တစ်​ကောင်​ကို ပူ​ဇော်​သော​အ​ခါ၊ သံ​လွင်​သီး​ကို​ထောင်း၍၊ ရ​သော​သံ​လွင်​ဆီ သုံး​လော​ဃ​နှင့်​ရော​သော မုန့်​ညက်​တစ်​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည် သုံး​လော​ဃ​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့်​အ​တူ ပူ​ဇော်​ရ​မည်။ 41အ​ခြား​သော​သိုး​သ​ငယ်​ကို ညဉ့်​ဦး​ယံ၌ ပူ​ဇော်​သော​အ​ခါ၊ နံ​နက်​ယံ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပါ​သည်​နည်း​တူ​ပါ​လျက်၊ ထာ​ဝ​ရ​ဘု​ရား​အား မီး​ဖြင့်​ဆက်​ကပ်၍၊ မွှေး​ကြိုင်​သော ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။ 42ထို​သို့ သင်​တို့​သား​စဉ်​မြေး​ဆက်​တို့​သည် သင်​နှင့်​ငါ​တွေ့၍ နှုတ်​ဆက်​ရာ​အ​ရပ်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ အ​စဉ်​မ​ပြတ်​မီး​ရှို့​သော​ယဇ်​ကို ပူ​ဇော်​ရ​ကြ​မည်။ 43ထို​အ​ရပ်၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​တွေ့၍၊ ငါ့​ဘုန်း​တော်​အား​ဖြင့် သူ​တို့​ကို​သန့်​ရှင်း​စေ​မည်။ 44ငါ့​ရှေ့၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ကို​လည်း​ကောင်း၊ ငါ​သန့်​ရှင်း​စေ​မည်။ 45ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ငါ​နေ၍၊ သူ​တို့၏​ဘု​ရား​ဖြစ်​မည်။ 46ငါ​သည် သူ​တို့​တွင်​နေ​ခြင်း​ငှာ၊ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​ထဲ​က ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော သူ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သူ​တို့​သိ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မော​ရှေ​အား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 29: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ