YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 28

28
ယဇ်​ပု​ရော​ဟိတ်​အ​ဝတ်​တန်​ဆာ
(ထွ၊ ၃၉:၁-၇)
1သင်၏​အစ်​ကို​အာ​ရုန်​သည်၊ ငါ့​ရှေ့​မှာ​ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ​မည်​အ​ကြောင်း၊ သူ​နှင့် သူ၏​သား​တည်း​ဟူ​သော နာ​ဒပ်၊ အ​ဘိ​ဟု၊ ဧ​လာ​ဇာ၊ ဣ​သ​မာ​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ချယ်၍ သင့်​အောက်၌​ခန့်​ထား​လော့။ 2သင်၏​အစ်​ကို​အာ​ရုန်၌ ဘုန်း​အ​သ​ရေ​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်၍​ပေး​ရ​မည်။ 3အာ​ရုန်​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​သော​အ​ခွင့်​ရှိ၍၊ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ၊ ငါ​ပေး​သော​ဉာဏ်​ကို​ရ​သော ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် ထို​အ​ဝတ်​ကို​လုပ်​ရ​မည်​အ​ကြောင်း မှာ​ထား​ရ​မည်။ 4လုပ်​ရ​သော​အ​ဝတ်​ဟူ​မူ​ကား၊ ရင်​ဖုံး၊ သင်​တိုင်း၊ ဝတ်​လုံ၊ ချယ်​လှယ်​သော​အင်္ကျီ၊ ဗောင်း၊ ခါး​ပန်း​တည်း​ဟူ​သော သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​ကို လုပ်​ခြင်း​ငှာ၊ 5ရွှေ​နှင့် ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို ယူ​ရ​မည်။ 6ထို​ရွှေ​အ​စ​ရှိ​သည်​တို့​နှင့် သင်​တိုင်း​ကို ထူး​ဆန်း​စွာ​လုပ်​ရ​မည်။ 7သိုင်း​ကြိုး​နှစ်​ပင်​ရှိ၍၊ သင်​တိုင်း​အ​ပေါ်​နား​ချင်း တွဲ​မိ​စေ​ခြင်း​ငှာ၊ တစ်​ဖက်​တစ်​ချက်​ကို ဆွဲ​ချုပ်​ရ​မည်။ 8သင်​တိုင်း​အ​ပေါ်​နား၌ ထူး​ဆန်း​သော​ရင်​စည်း​ကို​လည်း၊ သင်​တိုင်း​ကိုယ်​ကဲ့​သို့ ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​တို့​ကို​လည်း​ကောင်း လုပ်​ရ​မည်။ 9ရှ​ဟံ​ကျောက်​နှစ်​လုံး​ကို​ယူ၍၊ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဆယ်​နှစ်​မျိုး​ကို၊ 10အ​သက်​အ​ကြီး​အ​ငယ်​အ​လိုက်၊ ကျောက်​နှစ်​လုံး​ပေါ်​မှာ အ​မျိုး​နာ​မည်​ခြောက်​ခု​စီ အ​က္ခ​ရာ​တင်​ရ​မည်။ 11တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ကျောက်​လုပ်​သော အ​လုပ်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၏ နာ​မည်​တို့​ကို ထို​ကျောက်​နှစ်​လုံး​အ​ပေါ်​မှာ အ​က္ခ​ရာ​တင်၍ ရွှေ​ကျောက်​အိုး​၌ ထည့်​ရ​မည်။ 12ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ ထို​ကျောက်​နှစ်​လုံး​ကို သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ တပ်​ရ​မည်။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အောက်​မေ့​စေ​ခြင်း​ငှာ၊ သူ​တို့​နာ​မည်​များ​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ မိ​မိ​ပ​ခုံး​ပေါ်​မှာ ဆောင်​ရ​မည်။ 13ကျောက်​အိုး​တို့​ကို ရွှေ​နှင့် လုပ်​ရ​မည်။ 14အ​ဆုံး၌​တပ်​ရ​သော​ကြိုး​နှစ်​ပင်​တို့​ကို ရွှေ​စင်​နှင့်​ကျစ်၍​လုပ်​ပြီး​မှ ကျောက်​အိုး၌​တွဲ​ရ​မည်။
ရင်​ဖုံး
(ထွ၊ ၃၉:၈-၂၁)
15ရွှေ​နှင့်​လည်း​ကောင်း၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​နှင့်​လည်း​ကောင်း၊ သင်​တိုင်း​ကို​လုပ်​သည်​နည်း​တူ၊ ဗျာ​ဒိတ်​ရင်​ဖုံး​ကို ထူး​ဆန်း​စွာ လုပ်​ရ​မည်။ 16နှစ်​ထပ်​ခေါက်​လျက်၊ အ​လျား​တစ်​ထွာ၊ အ​နံ​တစ်​ထွာ၊ စ​တု​ရန်း​လေး​ထောင့် ဖြစ်​ရ​မည်။ 17ထို​ရင်​ဖုံး​၌ ကျောက်​မြတ်​ကို​လေး​တန်း​စီ​ရ​မည်။ ပ​ထ​မ​အ​တန်း​ကား၊ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ ပ​တ္တ​မြား၊ 18ဒု​တိ​ယ​အ​တန်း​ကား၊ မြ၊ နီ​လာ၊ စိန်၊ 19တ​တိ​ယ​အ​တန်း​ကား၊ ဝှါ​ကိ​န္သု၊ မ​ဟူ​ရာ၊ ဂေါ်​မိတ်။ 20စ​တု​တ္ထ​အ​တန်း​ကား၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့​ဖြစ်၍၊ အ​သီး​အ​သီး​တို့​ကို ရွှေ​အိုး​၌​စီ​ရ​မည်။ 21ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​ရှိ​သည်​အ​တိုင်း၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့ ထို​ကျောက်​တို့၌၊ ထို​တစ်​ဆယ့်​နှစ်​ပါး​သော နာ​မည်​အ​သီး​အ​သီး​တို့​ကို တင်​လျက်၊ ကျောက်​တစ်​လုံး​လျှင် နာ​မည်​တစ်​ပါး​စီ​ပါ​ရ​မည်။ 22-25ရင်​ဖုံး​အ​ပေါ်​ထောင့်​နှစ်​ခု၌ ရွှေ​နှစ်​ကွင်း​ကို​လည်း​ကောင်း၊ ကျစ်​သော ရွှေ​ကြိုး​နှစ်​ပင်​ကို​လည်း​ကောင်း​လုပ်​ပြီး​မှ၊ ထို​ရွှေ​နှစ်​ကွင်း​၌​တပ်၍၊ သင်​တိုင်း​သိုင်း​ကြိုး​ပေါ်​မှာ​ရှိ​သော ကျောက်​အိုး​တို့​၌​တွဲ​ရ​မည်။ 26တစ်​ဖန်​ရွှေ​နှစ်​ကွင်း​ကို​လုပ်၍ သင်​တိုင်း​အောက်​နား​မှာ​ရှိ​သော ရင်​ဖုံး​အောက် ထောင့်​နှစ်​ခု၌​တပ်​ရ​မည်။ 27အ​ခြား​သော ရွှေ​နှစ်​ကွင်း​ကို​လည်း​လုပ်၍၊ သင်​တိုင်း​ရှေ့​ဘက်​အောက်​နား၌ ထူး​ဆန်း​သော ရင်​စည်း​အ​ပေါ်​နား​ဆက်​မီ​ရာ​တွင်၊ သင်​တိုင်း​ကိုယ် တစ်​ဖက်​တစ်​ချက်၌ တပ်​ရ​မည်။ 28ရင်​ဖုံး​ရွှေ​နှစ်​ကွင်း​ကို သင်​တိုင်း​ရွှေ​နှစ်​ကွင်း​နှင့်​တွဲ​၍၊ ပြာ​သော​ကြိုး​ဖြင့် ပြီး​စေ​ရ​မည်။ ထို​သို့​ရင်​ဖုံး​ကို ထူး​ဆန်း​သော​ရင်​စည်း​အ​ပေါ်​နား​မှာ ဆွဲ၍၊ သင်​တိုင်း​နှင့်​မ​ကွာ အ​မြဲ​ရှိ​စေ​ရ​မည်။ 29အာ​ရုန်​သည်​လည်း၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား အ​စဉ်​အောက်​မေ့​တော်​မူ​စေ​ခြင်း​ငှာ၊ ဗျာ​ဒိတ်​ရင်​ဖုံး၌​ပါ​သော သူ​တို့​နာ​မည်​များ​ကို မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။ 30ဗျာ​ဒိတ်​ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့် သု​မိမ်​ကို​သွင်း​ထား​ရ​မည်။ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​ဝင်​သော​အ​ခါ မိ​မိ​နှ​လုံး​အ​ပေါ်​မှာ ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​မှု၌ စီ​ရင်​တော်​မူ​ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။#တော၊ ၂၇:၂၁၊ တရား၊ ၃၃:၈၊ ဧဇ၊ ၂:၆၃၊ နေ၊ ၇:၆၅။
ယဇ်​ပု​ရော​ဟိတ်​၏​အ​ခြား​အ​ဝတ်​များ
(ထွ၊ ၃၉:၂၂-၃၁)
31သင်​တိုင်း​နှင့်​ဆိုင်​သော ဝတ်​လုံ​ကို၊ ပြာ​သော​အ​ထည်​နှင့်​သာ​လုပ်​ရ​မည်။ 32ဝတ်​လုံ၌​လည်​စွပ်​ပါ၍ လည်​စွပ်​ကို မ​စုတ်​စေ​ခြင်း​ငှာ၊ သံ​ချပ်​လည်​စွပ်​ကွပ်​သ​ကဲ့​သို့၊ ရက်​သော​အ​ထည်​နှင့် ကွပ်​ရ​မည်။ 33ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်​နှင့်​လုပ်​သော သ​လဲ​သီး​များ​ကို​လည်း​ကောင်း၊ ရွှေ​ဆည်း​လည်း​များ​ကို​လည်း​ကောင်း၊ ဝတ်​လုံ​အောက်​စွန်း​နား​ပတ်​လည်၌၊ 34သ​လဲ​သီး​တစ်​လုံး၊ ရွှေ​ဆည်း​လည်း​တစ်​လုံး​စီ​ခြား​လျက်၊ အ​စဉ်​အ​တိုင်း​ဆွဲ​ထား​ရ​မည်။ 35အာ​ရုန်​သည် အ​မှု​တော်​ကို​ဆောင်၍၊ သန့်​ရှင်း​ရာ​အ​ရပ် ဌာ​န​တော်​အ​ထဲ​မှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထွက်​ဝင်​သော​အ​ခါ၊ သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ ထို​ဝတ်​လုံ​ကို​ဝတ်၍ သူ၏​အ​သံ​ကို ကြား​ရ​မည်။
36ရွှေ​စင်​သင်း​ကျစ်​ကို​လည်း​လုပ်၍၊ တံ​ဆိပ်​ပေါ်​မှာ အ​က္ခ​ရာ​တင်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား​အား​သန့်​ရှင်း​ခြင်း​ဟု အ​က္ခ​ရာ​တင်​၍၊ 37ပြာ​သော​ကြိုး​နှင့် ဗောင်း​ရှေ့၌​ချည်​ထား​ရ​မည်။ 38အာ​ရုန်​သည် ထို​သင်း​ကျစ်​ကို န​ဖူး၌​ဆင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ သန့်​ရှင်း​သော​အ​လှူ​ဒါ​န​နှင့်​ဆိုင်၍၊ သန့်​ရှင်း​စေ​သ​မျှ​သော​အ​ရာ​တို့၌ ပါ​သော​အ​ပြစ်​ကို ဆောင်​ရ​မည်။ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​နှင့် တွေ့​ခြင်း​ငှာ၊ အာ​ရုန်၏​န​ဖူး၌ အ​စဉ်​ဆင်​ရ​မည်။ 39ပိတ်​ချော​အင်္ကျီ​ကို​လည်း​လုပ်၍ ချယ်​လှယ်​ရ​မည်။ ဗောင်း​ကို​လည်း ပိတ်​ချော​နှင့်​လုပ်​ရ​မည်။ ခါး​ပန်း​ကို​လည်း ချယ်​လှယ်​သော​အ​လုပ်​နှင့် ပြီး​စေ​ရ​မည်။
40အာ​ရုန်၏​သား​တို့ ဘုန်း​အ​သ​ရေ​ကို​ထင်​ပေါ်​စေ​ခြင်း​ငှာ၊ အင်္ကျီ၊ ခါး​ပန်း၊ ဦး​ထုပ်​များ​ကို​လုပ်​ပေး​ရ​မည်။ 41ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။ 42သူ​တို့၌​ရှက်​စ​ရာ​အ​ကြောင်း၊ မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ခါး​မှ​ပေါင်​သို့​အ​ထိ ပိတ်​ဘောင်း​ဘီ​ကို ချုပ်၍​ပေး​ရ​မည်။ 43အာ​ရုန်​နှင့် သူ၏​သား​တို့​သည်၊ ပ​ရိသတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့ ဝင်​သော်​လည်း​ကောင်း၊ သန့်​ရှင်း​ရာ​အ​ရပ်​ဌာ​န၌ ယဇ်​ပ​လ္လင်​အ​နား​သို့ ချည်း​ကပ်​သော်​လည်း​ကောင်း၊ အ​ပြစ်​ရောက်၍​မ​သေ​စေ​ခြင်း​ငှာ ထို​သို့​ဝတ်​ရ​မည်။ အာ​ရုန်​မှ​စ၍ သူ၏​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် စောင့်​ရ​သော​ပ​ညတ်​တော်​ဖြစ်​သ​တည်း။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ