YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 25

25
တဲ​တော်​အ​တွက်​အ​လှူ
(ထွ၊ ၃၅:၄-၉)
1ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ 2ငါ့​အား လက်​ဆောင်​ပ​ဏ္ဏာ​ကို ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့။ ကြည်​ညို​သော​စေ​တ​နာ​စိတ်​နှင့် ငါ့​အား လှူ​သ​မျှ​သော​သူ​တို့၌ သင်​သည် အ​လှူ​ကို​ခံ​ရ​မည်။ 3ခံ​ရ​သော​အ​လှူ​ဟူ​မူ​ကား၊ ရွှေ၊ ငွေ၊ ကြေး​ဝါ၊ 4ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော၊ ဆိတ်​မွေး။ 5အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား။ 6လိမ်း​ရန်​ဆီ​ဖော်​ဖို့၊ မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​မွှေး​ဖော်​ဖို့​ရာ၊ နံ့​သာ​မျိုး၊ မီး​ထွန်း​စ​ရာ​ဆီ၊ 7ရှ​ဟံ​ကျောက်၊ ယဇ်​ပု​ရော​ဟိတ်​သင်​တိုင်း​နှင့် ရင်​ဖွဲ့၌ စီ​စ​ရာ​ကျောက်​မြတ်​တည်း​ဟူ​သော အ​လှူ​ကို​ခံ​ရ​မည်။ 8ငါ​သည် သင်​တို့​တွင်​ကျိန်း​ဝပ်​ရာ​ဖို့ သန့်​ရှင်း​ရာ​ဌာ​န​ကို​လုပ်​ကြ​စေ။ 9ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။
ပဋိညာဉ်သေတ္တာ
(ထွ၊ ၃၇:၁-၉)
10အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ၊ ဇောက်​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​ကို၊ အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ သေ​တ္တာ​အ​တွင်း​အ​ပြင်​ကို ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။ 11သေ​တ္တာ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော​ရွှေ​တန်​ဆာ​ကို​လည်း လုပ်​ရ​မည်။ 12ရွှေ​လေး​ကွင်း​ကို​သွန်း၍၊ သေ​တ္တာ​လေး​ထောင့်၌ တစ်​မျက်​နှာ​နှစ်​ကွင်း​စီ တပ်​ရ​မည်။ 13အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်၍ ရွှေ​နှင့်​မွမ်း​မံ​ပြီး​မှ၊ 14သေ​တ္တာ​ထမ်း​စ​ရာ​ဖို့​တစ်​ဖက်​တစ်​ချက် ရွှေ​ကွင်း​ထဲ​သို့ လျှို​ထား​ရ​မည်။ 15ထို​ထမ်း​ပိုး​ကို​လည်း သေ​တ္တာ​ရွှေ​ကွင်း​ထဲ​က​မ​နုတ်၊ အ​စဉ်​ရှိ​စေ​ရ​မည်။ 16ငါ​ပေး​သော​သက်​သေ​ခံ​ချက်​ကို၊ ထို​သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။
17အ​လျား​နှစ်​တောင်​ထွာ၊ အ​နံ​တစ်​တောင်​ထွာ​ရှိ​သော သေ​တ္တာ​အ​ဖုံး​ကို​လည်း ရွှေ​နှင့်​လုပ်​ရ​မည်။#ဟေ​ဗြဲ၊ ၉:၅။ 18ရွှေ​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို​လည်း သေ​တ္တာ​အ​ဖုံး​တွင် အ​လျား​တစ်​ဖက်​တစ်​ချက်၌ ထု​လုပ်​ရ​မည်။ 19ထို​ခေ​ရု​ဗိမ်​နှစ်​ပါး​ကို သေ​တ္တာ​ဖုံး​ကိုယ်​ထဲ​က​ထုတ်၍၊ သေ​တ္တာ​ဖုံး​အ​ပေါ်၌ တစ်​ဖက်​တစ်​ပါး​စီ​လုပ်​ပြီး​လျှင်၊ 20ခေ​ရု​ဗိမ်​နှစ်​ပါး​တို့​သည် မျက်​နှာ​ချင်း​ဆိုင်၍၊ သေ​တ္တာ​ဖုံး​ကို​ရှု​လျက်၊ မိ​မိ​အ​တောင်​ကို​ဖြန့်၍ သေ​တ္တာ​ဖုံး​ကို​မိုး​ရ​မည်။ 21သေ​တ္တာ​အ​ဖုံး​ကို သေ​တ္တာ​ပေါ်​မှာ​တင်​ရ​မည်။ ငါ​ပေး​သော သက်​သေ​ခံ​ချက်​ကို​လည်း သေ​တ္တာ​ထဲ​မှာ​ထား​ရ​မည်။ 22ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။
ရှေ့​တော်​မုန့်​စား​ပွဲ
(ထွ၊ ၃၇:၁၀-၁၆)
23အ​လျား​နှစ်​တောင်၊ အ​နံ​တစ်​တောင်၊ အ​မြင့်​တစ်​တောင်​ထွာ​ရှိ​သော စား​ပွဲ​ကို​လည်း အ​ကာ​ရှ​သား​နှင့်​လုပ်၍၊ 24ရွှေ​စင်​နှင့်​မွမ်း​မံ​ရ​မည်။ စား​ပွဲ​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း၊ 25အ​နံ​လက်​တစ်​ဝါး​ရှိ​သော ခါး​ပန်း​ကို​လည်း​ကောင်း၊ ခါး​ပန်း​အ​ပေါ်​နား​ပတ်​လည်၌ ကွပ်​သော ရွှေ​တန်​ဆာ​ကို​လည်း​ကောင်း လုပ်​ရ​မည်။ 26ရွှေ​လေး​ကွင်း​ကို​လည်း​လုပ်​၍၊ ခြေ​ထောက်​လေး​ခု​အ​ထက် စား​ပွဲ​လေး​ထောင့်​၌ တပ်​ရ​မည်။ 27ထို​ရွှေ​ကွင်း​တို့​သည် ခါး​ပန်း​ပေါ်​မှာ​ရှိ​၍၊ စား​ပွဲ​ထမ်း​စ​ရာ ထမ်း​ပိုး​နေ​ရာ​ဖြစ်​ရ​မည်။ 28စား​ပွဲ​ထမ်း​စ​ရာ အ​ကာ​ရှ​သား​ထမ်း​ပိုး​ကို​လုပ်​၍ ရွှေ​နှင့်​မွမ်း​မံ​ရ​မည်။ 29စား​ပွဲ​နှင့်​ဆိုင်​သော​လင်​ပန်း၊ ဇွန်း၊ အင်​တုံ၊ လောင်း​စ​ရာ​ဖ​လား​များ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်​ရ​မည်။ 30ငါ့​ရှေ့၊ စား​ပွဲ​ပေါ်​မှာ​ရှေ့​တော်​မုန့်​ကို အ​စဉ်​တင်​ရ​မည်။#ဝတ်၊ ၂၄:၅-၈။
မီး​ခုံ​တိုင်
(ထွ၊ ၃၇:၁၇-၂၄)
31မီး​ခုံ​ကို​လည်း ရွှေ​စင်​နှင့်​လုပ်၍၊ မီး​ခုံ​တိုင်​အ​စ​ရှိ​သော အ​လက်​များ၊ ခွက်​များ၊ ဘူး​သီး​များ၊ ကြာ​ပွင့်​များ​တို့​ကို တစ်​စပ်​တည်း​ထု​ရ​မည်။ 32မီး​ခုံ​တိုင်​တစ်​ဖက်​တစ်​ချက် သုံး​လက်​စီ​ထွက်၍၊ အ​လက်​ခြောက်​လက်​ရှိ​ရ​မည်။ 33မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​သုံး​လက်​တွင်၊ တစ်​လက်​တစ်​လက်​၌ ဘူး​ကြာ​ပွင့်​နှင့်​တ​ကွ၊ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​သုံး​ခွက်​ရှိ​ရ​မည်။ 34မီး​ခုံ​တိုင်၌​လည်း ဘူး​ကြာ​ပွင့်​နှင့်​တ​ကွ၊ ဗာ​တံ​သီး​နှင့်​ပုံ​တူ​သော ခွက်​လေး​ခွက် ရှိ​ရ​မည်။ 35မီး​ခုံ​တိုင်​ထဲ​က​ထွက်​သော အ​လက်​ခြောက်​လက်​ရှိ​သည်​အ​တိုင်း၊ အ​လက်​နှစ်​ဖက်​အောက်၌​လည်း ဘူး​သီး​တစ်​လုံး​စီ​ရှိ​ရ​မည်။ 36ဘူး​များ၊ အ​လက်​များ​တို့​ကို တစ်​ကိုယ်​တစ်​စပ်​တည်း​ဖြစ်​စေ၍၊ မီး​ခုံ​တစ်​ကိုယ်​လုံး​ကို ရွှေ​စင်​နှင့်​ထု​လုပ်​ရ​မည်။ 37မီး​ခွက်​ခု​နစ်​လုံး​ကို​လည်း လုပ်​ရ​မည်။ စား​ပွဲ​ကို​လင်း​စေ​ခြင်း​ငှာ ထို​မီး​ခွက်​ကို ထွန်း​ရ​မည်။ 38မီး​ညှပ်​နှင့် မီး​ညှပ်​ခံ​စ​ရာ​ခွက်​တို့​သည်​လည်း ရွှေ​စင်​ဖြစ်​ရ​မည်။ 39မီး​ခုံ​နှင့် မီး​ခုံ​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို၊ ရွှေ​စင်​အ​ခွက်​တစ်​ဆယ်​နှင့် လုပ်​ရ​မည်။ 40တောင်​ပေါ်​မှာ သင့်​အား​ပြ​ခဲ့​ပြီး​သော​ပုံ​နှင့် ညီ​လျော်​စွာ​လုပ်​ခြင်း​ငှာ သ​တိ​ပြု​ရ​မည်။#တ၊ ၇:၄၄၊ ဟေဗြဲ၊ ၈:၅။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာ 25: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။