YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 21:33-36

ထွက်မြောက်ရာ 21:33-36 JBMLE

လူ​သည် တွင်း​ကို​ဖွင့်၍ ထား​သည်​ဖြစ်​စေ၊ တွင်း​ကို​တူး၍ မ​ပိတ်​ဘဲ​ထား​သည်​ဖြစ်​စေ၊ သူ​တစ်​ပါး၏​မြင်း၊ နွား​သည် ထို​တွင်း၌​ကျ​လျှင်၊ တွင်း​ရှင်​သည် မြင်း၊ နွား​အ​ဖိုး​ကို​လျော်၍ အ​သေ​ကောင်​ကို​ယူ​ရ​မည်။ အ​ကြင်​သူ၏​နွား​သည်၊ သူ​တစ်​ပါး၏​နွား​ကို အ​သေ​ခွေ့​လျှင်၊ နွား​ရှင်​နှစ်​ဦး​တို့​သည်၊ အ​သက်​ရှင်​သော နွား​ကို​ရောင်း၍ အ​ဖိုး​ကို​ဝေ​ယူ​ရ​မည်။ သေ​သော​နွား​ကို​လည်း ဝေ​ယူ​ရ​မည်။ ၎င်း​နည်း နွား​သည် အ​ထက်​က​ခွေ့​ဖူး​ကြောင်း​ကို၊ နွား​ရှင်​သိ​လျက်​နှင့် မ​ချည်​မ​နှောင် အ​လွတ်​ထား​လျှင်၊ နွား​သေ​ကောင်​ကို ကိုယ်​တိုင်​ယူ​ရ​မည်။ ထို​နွား​တစ်​ကောင်​အ​တွက် တစ်​ကောင်​ကို​အ​မှန်​လျော်​ရ​မည်။