YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 20:22-26

ထွက်မြောက်ရာ 20:22-26 JBMLE

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြန်​ပြော​ရ​သော စ​ကား​ဟူ​မူ​ကား၊ ငါ​သည် ကောင်း​ကင်​ဘုံ​မှ သင်​တို့​နှင့် နှုတ်​ဆက်​ကြောင်း​ကို သင်​တို့​သည် သိ​မြင်​ကြ​ပြီ။ ငါ့​ကို​ကိုး​ကွယ်​သော​အ​မှု၌ ကိုယ်​သုံး​ဖို့ ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား​ကို​မ​လုပ်​ရ။ ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။ သင်​သည် ကျောက်​ယဇ်​ပ​လ္လင်​ကို ငါ့​အ​ဖို့​တည်​လျှင်၊ ဆစ်​သော​ကျောက်​ကို မ​တည်​ရ။ သံ​တန်​ဆာ​ပါ၍ တည်​သော​ယဇ်​ပ​လ္လင်​သည် ညစ်​ညူး​ခြင်း​ရှိ၏။ သင်၌ ရှက်​စ​ရာ​အ​ကြောင်း မ​ထင်​မ​ပေါ်​စေ​ခြင်း​ငှာ၊ ယဇ်​ပ​လ္လင်​ပေါ်​သို့ လှေ​ကား​ဖြင့်​မ​တက်​ရ​ဟု မိန့်​တော်​မူ၏။