YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:11-15

ထွက်မြောက်ရာ 2:11-15 JBMLE

မော​ရှေ​သည်​ကြီး​သော​အ​ခါ၊ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ရှိ​ရာ​သို့​သွား၍ သူ​တို့​အ​မှု​ထမ်း​ရ​သော​အ​ခြင်း​အ​ရာ​တို့​ကို ကြည့်​ရှု​လေ၏။ မိ​မိ​အ​မျိုး​သား​ဟေ​ဗြဲ လူ​တစ်​ယောက်​ကို၊ အဲ​ဂု​တ္တု​လူ​ရိုက်​သည်​ကို​မြင်​လျှင်၊ ပတ်​လည်​ကြည့်​ရှု၍ အ​ဘယ်​သူ​မျှ​မ​ရှိ​သည်​ကို​သိ​သော​အ​ခါ၊ အဲ​ဂု​တ္တု​လူ​ကို​သတ်၍ သဲ​ထဲ၌​မြှုပ်​ထား​လေ​၏။ နက်​ဖြန်​နေ့၌​ထွက်​ပြန်​သော်၊ ဟေ​ဗြဲ​လူ​နှစ်​ယောက်​တို့​သည် အ​ချင်း​ချင်း​သတ်​ကြ​သည်​ကို​မြင်​လျှင်၊ သင်​သည်​သင်​၏​အ​ပေါင်း​အ​ဖော်​ကို အ​ဘယ်​ကြောင့်​ရိုက်​သ​နည်း​ဟု ညှဉ်း​ဆဲ​သော​သူ​အား​မေး​သည်​ရှိ​သော်၊ ထို​သူ​က၊ အ​ဘယ်​သူ​သည်​သင့်​ကို ငါ​တို့​အ​ပေါ်​မှာ အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌​ခန့်​ထား​သ​နည်း။ အဲ​ဂု​တ္တု​လူ​ကို​သတ်​သ​ကဲ့​သို့ ငါ့​ကို သတ်​လို​သ​လော​ဟု​ပြန်​ဆို၏။ ထို​အ​ခါ မော​ရှေ​သည် မိ​မိ​ပြု​သော​အ​မှု​ထင်​ရှား​ပြီ​ဟု သိ၍​ကြောက်​လေ၏။ ထို​သ​တင်း​ကို ဖာ​ရော​ဘု​ရင်​ကြား​သော​အ​ခါ၊ မော​ရှေ​ကို​သတ်​ခြင်း​ငှာ ရှာ​ကြံ​လေ၏။ မော​ရှေ​သည် ဖာ​ရော​ဘု​ရင်​ထံ​မှ​ထွက်​ပြေး၍၊ မိ​ဒျန်​ပြည်​သို့ ရောက်​လျှင်၊ ရေ​တွင်း​နား​မှာ​ထိုင်၍​နား​နေ​လေ၏။