YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 17:9-13

ထွက်မြောက်ရာ 17:9-13 JBMLE

မော​ရှေ​က​လည်း၊ လူ​တို့​ကို​ရွေး၍ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ထွက်​လော့။ နက်​ဖြန်​နေ့၌ ဘု​ရား​သ​ခင်၏​လှံ​တံ​ကို​ကိုင်​လျက်၊ တောင်​ထိပ်​ပေါ်​မှာ ငါ​ရပ်​နေ​မည်​ဟု ယော​ရှု​အား​ဆို​၏။ မော​ရှေ​မှာ​လိုက်​သည်​အ​တိုင်း ယော​ရှု​ပြု၍၊ အာ​မ​လက်​လူ​တို့​ကို စစ်​တိုက်​လေ၏။ မော​ရှေ၊ အာ​ရုန်၊ ဟု​ရ​တို့​သည် တောင်​ထိပ်​ပေါ်​သို့​တက်​ကြ​၏။ မော​ရှေ​သည် လက်​ကို​ချီ​သော​အ​ခါ၊ ဣ​သ​ရေ​လ​လူ​တို့​သည် နိုင်​ကြ၏။ လက်​ကို​ချ​သော​အ​ခါ၊ အာ​မ​လက်​လူ​တို့​သည်​နိုင်​ကြ​၏။ သို့​ရာ​တွင် မော​ရှေ၏​လက်​သည်​ညောင်း​သော​ကြောင့်၊ သူ​တို့​သည် ကျောက်​ကို​ယူ၍ မော​ရှေ​ကို​ထိုင်​စေ​ပြီး​လျှင်၊ အာ​ရုန်​နှင့် ဟု​ရ​တို့​သည် တစ်​ယောက်​တစ်​ဖက်​နေ၍ သူ၏​လက်​ကို​မ​ကြ၏။ သို့​ဖြစ်၍ နေ​ဝင်​သည်​တိုင်​အောင် သူ၏​လက်​တို့​သည် အ​မြဲ​နေ​လေ​၏။ ယော​ရှု​သည်​လည်း အာ​မ​လက်​မင်း​နှင့် လူ​များ​တို့​ကို​ဓား​လက်​နက်​ဖြင့် လုပ်​ကြံ​လေ၏။