YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 16:31-35

ထွက်မြောက်ရာ 16:31-35 JBMLE

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​စား​စ​ရာ​ကို မ​န္န​ဟု​ခေါ်​ဝေါ်​ကြ၏။ နံ​နံ​စေ့​ကဲ့​သို့​ဖြစ်၍ ဖြူ​သော​အ​ဆင်း​ရှိ၏။ ပျား​ရည်​နှင့်​ရော​သော​မုန့်​ကြွပ်​နှင့် အ​ရ​သာ​တူ၏။ မော​ရှေ​က​လည်း၊ သင်​တို့​ကို​အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော​အ​ခါ၊ တော၌ သင်​တို့​အား​ကျွေး​သော​မုန့်​ကို၊ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည် မြင်​စေ​ခြင်း​ငှာ၊ သူ​တို့​အ​ဖို့​သို​ထား​ရ​သော ဩ​မဲ​တစ်​ဩ​မဲ​ကို ဖြည့်​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။ တစ်​ဖန်​အာ​ရုန်​ကို​လည်း၊ အိုး​တစ်​လုံး​ကို​ယူ၍ မ​န္န​တစ်​ဩ​မဲ​ကို​အ​ပြည့်​ထည့်​ပြီး​လျှင်၊ သင်​တို့​လူ​မျိုး​အ​စဉ်​အ​ဆက်​ဖို့​စောင့်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သို​ထား​လော့​ဟု​ဆို၍၊ မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​မ​န္န​ကို အာ​ရုန်​စောင့်​စေ​ခြင်း​ငှာ၊ သက်​သေ​တော်​ရှေ့​မှာ​သို​ထား​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ လူ​နေ​ရာ​ပြည်​သို့​မ​ရောက်​မီ​တိုင်​အောင်၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး မ​န္န​ကို​စား​ကြ၏။ ခါ​နာန်​ပြည်​နယ်​နိ​မိတ်​သို့ မ​ရောက်​မီ​တိုင်​အောင် မ​န္န​ကို​စား​ကြ၏။