YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 16:2-8

ထွက်မြောက်ရာ 16:2-8 JBMLE

ထို​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က ကြည့်​ရှု​လော့။ ငါ​သည် သင်​တို့​အ​ဖို့ မိုး​ကောင်း​ကင်​က မုန့်​မိုး​ကို​ရွာ​စေ​မည်။ လူ​တို့​သည်​နေ့​တိုင်း​ထွက်​၍ တစ်​နေ့​စား​လောက်​အောင် သိမ်း​ယူ​ရ​ကြ​မည်။ ငါ၏​တ​ရား​အ​တိုင်း​ကျင့်​မည်​လော၊ မ​ကျင့်​လော​ဟု ထို​သို့​သော​အား​ဖြင့် သူ​တို့​ကို​ငါ​စုံ​စမ်း​မည်။ နေ့​တိုင်း​သိမ်း​ယူ​သော​အ​ရာ​ထက်၊ ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ဆ​ကို သိမ်း​ယူ၍​ပြင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​သည်​ဟု ယ​နေ့​ညဉ့်​ဦး​ယံ၌ သင်​တို့​သိ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။ တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။

​ထွက်မြောက်ရာ 16:2-8 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။