YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 16:13-30

ထွက်မြောက်ရာ 16:13-30 JBMLE

ညဉ့်​ဦး​ယံ၌​ငုံး​ငှက်​တို့​သည် တပ်​ကို​အ​နှံ့​အ​ပြား​တက်​လာ​ကြ၏။ နံ​နက်​ယံ၌​လည်း တပ်​ပတ်​လည်​အ​ရပ်​ရပ်​တွင် နှင်း​ကျ​လျက်​ရှိ၏။ နှင်း​တက်​ပြီး​သော​အ​ခါ၊ နှင်း​ခဲ​ကဲ့​သို့ သေး​သေး​လုံး​လုံး​အ​ရာ​သည် မြေ​မျက်​နှာ​ပေါ်​မှာ​ရှိ​ရစ်​လေ၏။ ထို​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​နည်း​ဟု မ​သိ​သော​ကြောင့်၊ တစ်​ယောက်​ကို​တစ်​ယောက်​မေး​ကြ၏။ မော​ရှေ​က​လည်း၊ ဤ​အ​ရာ​သည်​သင်​တို့​စား​စ​ရာ​ဖို့ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​မုန့်​ဖြစ်၏။ လူ​တိုင်း မိ​မိ​တဲ၌​ရှိ​သော​သူ​အ​ရေ​အ​တွက်​နှင့်​အ​ညီ၊ လူ​အ​သီး​အ​သီး​စား​လောက်​အောင် တစ်​ယောက်​တစ်​ဩ​မဲ​စီ သိမ်း​ယူ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သို့​ပြု၍၊ အ​နည်း​အ​များ​အ​လိုက် သိမ်း​ယူ​ကြ၏။ ဩ​မဲ​တောင်း​နှင့်​ခြင်​ကြ​သော​အ​ခါ၊ များ​များ​ရ​သော​သူ​မ​ပို၊ နည်း​နည်း​ရ​သော​သူ မ​လို၊ အ​သီး​အ​သီး​တို့​သည် စား​လောက်​အောင်​သိမ်း​ယူ​ကြ၏။ မော​ရှေ​က​လည်း၊ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ​မ​ကျန်​စေ​နှင့်​ဟု ဆို​သော်​လည်း၊ အ​ချို့​တို့​သည် မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ၊ နံ​နက်​တိုင်​အောင် ကျန်​စေ​သ​ဖြင့်၊ ပိုး​ဖြစ်၍​နံ​လေ​သော်၊ မော​ရှေ​သည် အ​မျက်​ထွက်၏။ ထို​သူ​အ​သီး​အ​သီး​တို့​သည် နေ့​တိုင်း​မိ​မိ​တို့​စား​လောက်​သ​မျှ​ကို သိမ်း​ယူ​ကြ၏။ နေ​ပူ​သော​အ​ခါ​အ​ရေ​ဖြစ်​လေ၏။ ခြောက်​ရက်​မြောက်​သော​နေ့၌၊ မုန့်​နှစ်​ဆ​တည်း​ဟူ​သော တစ်​ယောက်​နှစ်​ဩ​မဲ​စီ သိမ်း​ရ​ကြ၏။ ထို​အ​ကြောင်း​ကို ပ​ရိ​သတ်​အုပ်​အ​ပေါင်း​တို့​သည် မော​ရှေ​အား​ကြား​ပြော​လေ၏။ သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။ မော​ရှေ​မှာ​ထား​သည်​အ​တိုင်း၊ နံ​နက်​တိုင်​အောင်​သို​ထား​ကြ၏။ နံ​ခြင်း​နှင့်​ကင်း​လွတ်၏။ ပိုး​လည်း​မ​ရှိ။ မော​ရှေ​က​လည်း၊ ကျန်​သော​အ​ရာ​ကို ယ​နေ့​စား​ကြ​လော့။ ယ​နေ့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဥ​ပုသ်​နေ့​ဖြစ်၏။ ယ​နေ့​တွင် ထို​အ​ရာ​ကို​တော၌​မ​တွေ့​ရ။ ခြောက်​ရက်​ပတ်​လုံး​သိမ်း​ယူ​ရ​ကြ၏။ ဥ​ပုသ်​နေ့​တည်း​ဟူ​သော ခု​နစ်​ရက်​မြောက်​သော​နေ့​တွင် မ​ရှိ​မ​တွေ့​ရ​ဟု​ဆို​လေ၏။ ခု​နစ်​ရက်​မြောက်​သော​နေ့၌၊ အ​ချို့​တို့​သည်​သိမ်း​ယူ​ခြင်း​ငှာ ထွက်​သွား​ရာ​တွင်၊ ရှာ၍​မ​တွေ့​ရ​ကြ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​တို့​သည်​ငါ့​ပ​ညတ်​တ​ရား​များ​တို့​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငြင်း​ပယ်​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဥ​ပုသ်​နေ့​ကို သင်​တို့​အား​ပေး​တော်​မူ​ပြီ။ ထို​ကြောင့် ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ရက်​အ​တွက်​မုန့်​ကို​ပေး​တော်​မူ၏။ လူ​တိုင်း မိ​မိ​နေ​ရာ၌​နေ​စေ၊ ခု​နစ်​ရက်​မြောက်​သော​နေ့၌ မိ​မိ​နေ​ရာ​မှ အ​ဘယ်​သူ​မျှ မ​သွား​စေ​နှင့်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ ထို​ကြောင့် လူ​များ​တို့​သည်​ခု​နစ်​ရက်​မြောက်​သော​နေ့၌ ငြိမ်​ဝပ်​စွာ​နေ​ကြ၏။