YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 16:13-18

ထွက်မြောက်ရာ 16:13-18 JBMLE

ညဉ့်​ဦး​ယံ၌​ငုံး​ငှက်​တို့​သည် တပ်​ကို​အ​နှံ့​အ​ပြား​တက်​လာ​ကြ၏။ နံ​နက်​ယံ၌​လည်း တပ်​ပတ်​လည်​အ​ရပ်​ရပ်​တွင် နှင်း​ကျ​လျက်​ရှိ၏။ နှင်း​တက်​ပြီး​သော​အ​ခါ၊ နှင်း​ခဲ​ကဲ့​သို့ သေး​သေး​လုံး​လုံး​အ​ရာ​သည် မြေ​မျက်​နှာ​ပေါ်​မှာ​ရှိ​ရစ်​လေ၏။ ထို​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​နည်း​ဟု မ​သိ​သော​ကြောင့်၊ တစ်​ယောက်​ကို​တစ်​ယောက်​မေး​ကြ၏။ မော​ရှေ​က​လည်း၊ ဤ​အ​ရာ​သည်​သင်​တို့​စား​စ​ရာ​ဖို့ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​မုန့်​ဖြစ်၏။ လူ​တိုင်း မိ​မိ​တဲ၌​ရှိ​သော​သူ​အ​ရေ​အ​တွက်​နှင့်​အ​ညီ၊ လူ​အ​သီး​အ​သီး​စား​လောက်​အောင် တစ်​ယောက်​တစ်​ဩ​မဲ​စီ သိမ်း​ယူ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သို့​ပြု၍၊ အ​နည်း​အ​များ​အ​လိုက် သိမ်း​ယူ​ကြ၏။ ဩ​မဲ​တောင်း​နှင့်​ခြင်​ကြ​သော​အ​ခါ၊ များ​များ​ရ​သော​သူ​မ​ပို၊ နည်း​နည်း​ရ​သော​သူ မ​လို၊ အ​သီး​အ​သီး​တို့​သည် စား​လောက်​အောင်​သိမ်း​ယူ​ကြ၏။