YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 15:22-27

ထွက်မြောက်ရာ 15:22-27 JBMLE

ထို​နောက် မော​ရှေ​သည် ဣ​သ​ရေ​လ​လူ​တို့​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​ဆောင်​သွား၍၊ သူ​တို့​သည် ရှု​ရ​တော​သို့​ရောက်​ကြ၏။ ထို​တော​၌ သုံး​ရက်​ခ​ရီး​သွား၍ ရေ​ကို​မ​တွေ့​မ​ရ​ကြ။ မာ​ရ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊ မာ​ရ​ရေ​သည်​ခါး​သော​ကြောင့် မ​သောက်​နိုင်​ကြ။ ထို​ကြောင့် ထို​အ​ရပ်​ကို မာ​ရ​ဟု​သ​မုတ်​ကြ​သ​တည်း။ လူ​များ​တို့​သည် မော​ရှေ​ကို​အ​ပြစ်​တင်၍​မြည်​တမ်း​လျက်၊ အ​ဘယ်​သို့ သောက်​ရ​ပါ​မည်​နည်း​ဟု​ဆို​ကြ​၏။ မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် သစ်​ပင်​တစ်​ပင်​ကို​ပြ​တော်​မူ၏။ ထို​အ​ပင်​ကို​ရေ​ထဲ​သို့​ချ​ပြီး​လျှင်၊ ရေ​သည်​ချို​လေ​၏။ ထို​အ​ရပ်၌ သူ​တို့​ကို​စုံ​စမ်း၍ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​သည်​ကား၊ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။ ထို​နောက်​မှ ရေ​တွင်း​ဆယ်​နှစ်​တွင်း၊ စွန်​ပ​လွံ​ပင်​ခု​နစ်​ဆယ်​နှင့် ပြည့်​စုံ​ရာ ဧ​လိမ်​ရွာ​သို့​ရောက်၍၊ ထို​အ​ရပ်​တွင် ရေ​ရှိ​ရာ​အ​နား​မှာ​တပ်​ချ​ကြ​၏။