YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 15:19-21

ထွက်မြောက်ရာ 15:19-21 JBMLE

အ​ကြောင်း​မူ​ကား၊ ဖာ​ရော​ဘု​ရင်၏​မြင်း​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​သည် ပင်​လယ်​ထဲ​သို့​ဝင်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ ပင်​လယ်​ရေ​ကို​လွှမ်း​မိုး​စေ​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ​လျှောက်​သွား​ကြ၏။ အာ​ရုန်၏​အစ်​မ​ဖြစ်​သော ပ​ရော​ဖက်​မ​မိ​ရိ​အံ​သည် ပတ်​သာ​ကို​ကိုင်၍၊ မိန်း​မ​အ​ပေါင်း​တို့​သည် ပတ်​သာ​တီး​လျက် က​လျက်​လိုက်​သွား​ကြ​၏။ မိ​ရိ​အံ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ပွင့်​လျက် အောင်​ပွဲ​ကို ခံ​တော်​မူ​သည်​ဖြစ်၍၊ ကိုယ်​တော်​အား​သီ​ချင်း​ဆို​ကြ​လော့။ မြင်း​နှင့် မြင်း​စီး​သူ​ရဲ​ကို ပင်​လယ်​ထဲ​သို့​လှဲ​ချ​တော်​မူ​ပြီ​ဟု သူ​တို့​နှင့်​အ​သံ​ပြိုင်၍​ဆို​လေ​၏။